Sunday, September 30, 2018

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အထက်တန်းလွှာတွင်သာဆွေးနွေးနေပါက ပြည်သူများသိရှိမှုအားနည်းဟု ဆို


ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အထက်တန်းလွှာတွင်သာ ဆွေးနွေးနေပါက အများပြည်သူသိရှိမှု အားနည်းသဖြင့် အများပြည်သူသိရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း တာမွေမြို့နယ်၊ လူမှုရေးကွန်ရက်မှ ကိုအောင်မျိုးလင်းက ပြောသည်။ 
ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် စက်တင်ဘာလ ၃၀ ရက်ကကျင်းပသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် သက်ဆိုင်သောလူထုသဘောထားစစ်တမ်းအစီရင်ခံစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 

“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်ဆိုတာ ကျွန်တော်တို့ အထက်တန်းလွှာမှာပဲလုပ်နေလို့မဖြစ်တော့ဘူး။ အခုလုပ်နေကြတာကဟိုတယ်ထဲမှာပဲကျွန်တော်တို့လုပ်နေကြတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတွေ လာကြတယ်။ သတင်းမီဒီယာတွေလာကြတယ်။ ဒီလူတွေကပဲဆွေးနွေးနေလို့မဖြစ်တော့ဘူး။ နိုင်ငံတော်ရဲ့ မူရင်းအာဏာ ပိုင်ရှင်ဖြစ်တဲ့ မိဘပြည်သူတွေကရပ်ကျေးအဆင့်မှာနေနေကြတယ်။ကျေးရွာတွေမှာနေနေကြတယ်။ အခုကျွန်တော်တို့ စစ်တမ်းအရလိုက်မေးတာ ငြိမ်းချမ်းရေးဆိုတာသိလားဆိုတော့ အစိုးရလုပ်နေတာပဲ။ ဒီလိုပဲဖြေကြတယ်။ ဘာလုပ်နေတယ်။ဘယ်လိုလုပ်နေတယ်။မသိကြဘူး’’ ဟု တာမွေမြို့နယ်လူမှုရေးကွန်ရက်မှ ကိုအောင်မျိုးလင်းကပြောသည်။ 
၂၀၁၇ ခုနှစ်၊ မတ်လ၂၄ ရက်မှ ဒီဇင်ဘာလ ၂၄ ရက်အထိ ဒေါပုံမြို့နယ်၊လှိုင်သာယာမြို့နယ်နှင့် ကော့မှူးမြို့နယ်သို့ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ တာမွေမြို့နယ်လူမှုကူညီရေးကွန်ရက်၊ မြန်မာ့မဏ္ဍိုင်စသည့် အဖွဲ့ ၄ ဖွဲ့မှ ငြိမ်းချမ်းရေးလူထုသဘောထား စစ်တမ်းကိုကောက်ခံခဲ့ရာ လူပေါင်း ၁၀၇၄ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။ 
အဆိုပါ ၃ မြို့နယ်မှ ပြည်တွင်းစစ်ကြောင့် ဆိုးကျိုးသက်ရောက်မှုများကိုဖြေဆိုရာတွင် စိတ်နှလုံး ချမ်းမြေ့မှုမရှိကြောင်း ဖြေဆိုမှုများရှိခဲ့ပြီး အချို့သည် လူမှုစီးပွားရေးဘ၀များကိုထိခိုက်ဟုဖြေဆိုကြကာ အချို့မှာ မိသားဟုနှင့်ဘ၀လုံခြုံမှုမရှိဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။ 

  
AKon Thi 

0 comments:

Post a Comment