Sunday, September 30, 2018

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ အာမယ်ကလူးနေ တောင်းဆို


ယခုလအတွင်း ထောင်ဒဏ်ကျခံခဲ့ရသော ရိုက် တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး လူ့ အခွင့်အရေးရှေ့နေ အာမယ်က လူးနေက နိုင်ငံတော်အကြံပေး ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းခဲ့သည်။ 
‘‘ပြစ်မှုမြောက်ပြီးတဲ့နောက်မှာ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် အချိန်မရွေးပေးနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်ပင် ပြီး လုပ်နိုင်ပါတယ်’’ ဟု ရိုက်တာသတင်းထောက်ဝလုံးနှင့် ကျော်စိုး တို့၏ ရှေ့နေအဖွဲ့တွင် ပါဝင်သော မစ္စစ်ကလူးနေကပြောကြားသည်။ 

ရိုက်တာသတင်းထောက် နှစ်ဦးသည် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် အပြစ်ရှိ ကြောင်း စက်တင်ဘာ ၃ ရက်တွင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ 

ယင်းအမှုသည် လွတ်လပ် စွာရေးသားဖော်ပြမှုနှင့် မသက် ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဗီယက်နမ်နိုင်ငံဖိုရမ်တစ် ခုတွင် ပြောကြားခဲ့သည်။ ၎င်း သတင်းထောက်နှစ်ဦးကို နိုင်ငံ တော် လျှို့ဝှက်ချက်များ ရယူခဲ့မှု ကြောင့် ပြစ်ဒဏ်ပေးခြင်းဖြစ်ပြီး ဂျာနယ်လစ်များဖြစ်၍ ထောင်ချ ခြင်းမဟုတ်ဟု ပြောကြားသည်။ 

စက်တင်ဘာလ ကုလသမဂ္ဂ အခမ်းအနားတစ်ခုတွင် ပြောကြ ရာ၌ မစ္စစ်အာမယ်ကလူးနေက သတင်းထောက်များ လွတ် မြောက်ရေးသော့ချက်နှင့် ပို၍ ဒီမိုကရေစီဆန်သော၊ ကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံအတွက်သော့ချက်ကို ကိုင်ဆောင်ထားသည်ဟု ပြောကြားကာ ၎င်း၏တုံ့ပြန်မှုကို သမိုင်းက အဆုံးအဖြတ်ပေးမည်ဟု ဆိုသည်။ အာမယ်ကလူးနေသည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ဂျော့ခ်ျကလူးနေ၏ ဇနီးဖြစ်သည်။ 

ဂျာနယ်လစ်များအကာအ ကွယ်ပေးရေးအဖွဲ့ (CPJ) က ကုလသမဂ္ဂအခမ်းအနားကိုကျင်းပခဲ့ပြီး အီဂျစ်၊ ကာဇက်စ တန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် အ ကျဉ်းချခံထားရသော ဂျာနယ်လစ်များ အမှုများကိုလည်း ဆွေးနွေးခဲ့သည်။ 

၂၀၁၇ တွင် ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၂၆၃ ဦး အကျဉ်းချခံ ခဲ့ရကြောင်း CPJ ကပြောသည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လည်း ရိုက်တာသတင်းထောက် နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး တိုက်တွန်းထားသည်။ 

Ref: Time,Reuters
7Day

0 comments:

Post a Comment