Saturday, September 29, 2018

တပ်မတော်ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ စစ်ကိုင်းမြို့၌ ကျင်းပ


မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင် နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ် ပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့၌ ကျင်းပသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် စစ်ကိုင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီး ဝင်းညွန့်(ငြိမ်း)က ''ယနေ့ပြုလုပ်တဲ့ပွဲကတော့ စစ်ကိုင်းမြို့နယ်အတွင်း နေထိုင်ကြတဲ့စစ်မှု ထမ်းဟောင်းအဖွဲ့တွေ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ စုစုပေါင်းအင်အား ၁၅ဝ ဦး ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း ရည်ရွယ်ချက် (၄)ရပ်ထဲမှ နံပါတ်(၂) ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းတွေမှာ တပ်မတော် အရန်အင်အားအဖြစ်နဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ် ချက်အတိုင်း လက်ရှိမှာ နိုင်ငံတကာပြည်ပ မီဒီယာတွေက တပ်မတော်ကိုရှုတ်ချတယ်။ 

အဲ့ဒီလိုပြောဆိုနေတာတွေကို တပ်မတော်ရဲ့အရန်အင်အားဖြစ်တဲ့ စစ်မှု ထမ်းဟောင်းအဖွဲ့ တစ်ဖွဲ့လုံးက ဆန့်ကျင်ပါ တယ်။ ကျန်တဲ့မြို့နယ်တွေမှာလည်း ဆန္ဒ ဖော်ထုတ်ပွဲတွေ ပြုလုပ်နေပါတယ်'' ဟု ပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် စစ်ကိုင်း မြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် ၁၅ဝ ဦးက နိုင်ငံတော်အလံများ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံ သည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော င်္ခေနဘသသု ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင် ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ ဟူသောဆိုင်းဘုတ်များ ကိုင်ဆောင် ၍ တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော် ထုတ်ခဲ့သည်။ တပ်မတော်ထောက်ခံပွဲများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ် လျက်ရှိရာ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ ယခုအကြိမ်အပါအဝင် (၄၅)ကြိမ် စုစုပေါင်းအင်အား ၅၈၉၈၃၅ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


.

0 comments:

Post a Comment