Sunday, September 30, 2018

UPDJC နိုင်ငံရေးပါတီအစုအဖွဲ့က ပြုလုပ်မည့် ဆွေးနွေးပွဲတက်ရောက်မည် မဟုတ်ဟု ကယားကျောင်းသားသမဂ္ဂထုတ်ပြန်


ကယားပြည်နယ် လွိုင် ကော်မြို့နယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)၏ နိုင်ငံရေး ပါတီများ အစုအဖွဲ့က ပြုလုပ်မည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက် ရောက်မည် မဟုတ်ကြောင်း ကယားပြည်နယ် ကျောင်းသား သမဂ္ဂက စက်တင်ဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။ 

ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP)ရဲဘော်သုံးဦး နှင့် အရပ်သားတစ်ဦးသတ်ဖြတ်ခံ ရမှုအပြီး ကိုးလအကြာတွင် KNPP နယ်မြေကို ဒရုန်းဖြင့် ထောက်လှမ်း မှုများအပါအဝင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) က KNPP အား တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ်(NCA)ကို လက်မှတ်ထိုးမှ သစ်ထုတ်ခွင့်ပေးမည်ဟု ပြောကြားခြင်းများသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ 

ထို့ကြောင့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂအနေဖြင့် NCA ဖြစ်စဉ်များအောက်တွင် ဖြစ် ပျက်နေသည့် ဆွေးနွေးပွဲများနှင့် လုပ်ငန်းစဉ်များကို အယုံအကြည် မရှိသောကြောင့် အဆိုပါစကား ဝိုင်းသို့ တက်ရောက်မည် မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ 

စက်တင်ဘာ ၂၉ ရက်တွင်UPDJC နိုင်ငံရေးပါတီများအစု အဖွဲ့က ‘ပြည်သူသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များ တင်ပြဆွေးနွေးခြင်းနှင့် ဖက်ဒရယ်စနစ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာ စကားဝိုင်းအ မည်ဖြင့် လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ပြုလုပ်ခဲ့သည်။

7Day

0 comments:

Post a Comment