Sunday, September 30, 2018

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ကန်ဒေါ်လာတစ်သိန်းလှူဒါန်း



ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် ပုပ် ရဟန်းမင်းကြီးဖရန်စစ်က ကန် ဒေါ်လာတစ်သိန်းနှင့်ညီမျှသည့် ကျပ်သိန်း ၁,၃၃၀ ကို လှူဒါန်းခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ 
ပုပ်ရဟန်းမင်းကြီး၏ အလှူ ငွေပေးအပ်ပွဲကို စက်တင်ဘာ ၃၀ ရက်က ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ရုံး၌ ပြုလုပ်ကာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးသူရဦးအောင်ကို က ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

‘‘အထူးသဖြင့် ပဋိပက္ခဖြစ် နေတဲ့နေရာမှာ ဒုက္ခခံစားနေရတဲ့ လူတွေကို လူမျိုးဘာသာခွဲခြားမှု မရှိဘဲ အဲဒီအားလုံးအကျိုးရှိစေတဲ့ နေရာမှာ အသုံးပြုဖို့မေတ္တာနဲ့ နှောင်ကြိုးမဲ့လှူတာပါ’’ ဟု ဘာ သာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဦးအေးလွင်က ပြောသည်။ 

အဆိုပါအလှူငွေကို ပုပ် ရဟန်းမင်းကြီးဖရန်စစ်က ယခု နှစ်ဇွန်လကတည်းက လှူဒါန်းခဲ့ ရာ မြန်မာနိုင်ငံဆိုင်ရာကက်သ လစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သို့ ဦးစွာပေးအပ်ခဲ့သည်။ 

‘‘အဲဒါကို ဘဏ်ထဲမှာ ထည့် လိုက်တယ်။ ထည့်ပြီးတော့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်သူ တွေကို သဘောထားတောင်းတာ ပေါ့။ ရခိုင်ပြည်နယ်ကက်ဘိနက် မှာ နှစ်ခါလောက်အကြိတ်အနယ် ဆွေးနွေးပြီး လက်ခံမယ်၊ လက်ခံ ပြီး အားလုံးလူမျိုးမရွေး၊ ဘာသာ မရွေးအားလုံးအသုံးချလို့ရမယ့် လမ်းဖောက်တဲ့နေရာ၊ ရေသန့် တွေ၊ ဘာတွေလုပ်မယ့်နေရာတို့ အဲဒီလိုရေရှည်အထောက်အကူ ပြုမယ့်လုပ်ငန်းတွေမှာ အသုံးပြု မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးတော့ မှ ကျွန်တော်တို့ဒီနေ့ လက်တွေ့ သွားပြီး လှူလိုက်တာပါ’’ ဟု ဦး အေးလွင်က ရှင်းပြသည်။ 

ယင်း အလှူငွေများကို မောင်တော်မြို့နယ်ရှိ ရွှေဇား၊ ဖော်ကီတောင်၊ သက်ကိုင်ညာ၊ ကြိမ်ချောင်းနှင့် ငါးခူရကျေးရွာ တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အသုံးပြုရန် ရခိုင်ပြည် နယ်အစိုးရအဖွဲ့က စီစဉ်ထား သည်။


7Day

0 comments:

Post a Comment