Sunday, September 30, 2018

အင်ဒိုနီးရှား ငလျင်-ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီး ပိတ်မိနေသူများ ရှိနေဆဲ




အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေ ၄၀၀ ကျော်သွားခဲ့ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့ မှာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံတွေဟာ ဒဏ်ရာရသူ ရာပေါင်းများစွာကို စီမံကိုင်တွယ်နိုင်ဖို့  ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး ဒီနေ့  စက်တင်ဘာ ၃၀ ရက်မှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ဆူနာမီဒဏ်သင့် ဒေသကို ရောက်ရှိနိုင်ဖို့  အလျင်အမြန် သွားရောက်နေကြပြီဖြစ်ပါတယ်။ 
  
၇.၅ ပမာဏရှိတဲ့ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ပေ ၂၀ လောက်မြင့်တဲ့ လှိုင်းလုံးတွေ ရိုက်ခတ်ခံလိုက်ရတဲ့ ပါလူမြို့ က ဟိုတယ်တစ်လုံးရဲ့  အပြိုအပျက်တွေအတွင်း လူ ဒါဇင်များစွာ ပိတ်မိနေဆဲဖြစ်တယ်လို့  သတင်းတွေက ဖော်ပြပါတယ်။ သောကြာနေ့ က မြို့ ရဲ့  ပင်လယ်ကမ်းခြေမှာ ကျင်းပနေတဲ့ ပွဲတော်တစ်ခုကို လူ ရာပေါင်းများစွာ စုဝေးရောက်ရှိနေကြစဉ် ရေလှိုင်းတံတိုင်းကြီးက ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။ လှိုင်းလုံးကြီးရဲ့  လမ်းကြောင်းအတွင်း အရာအာလုံး ၀ါးမျိုဖျက်ဆီးခံလိုက်ရသလို လူများစွာလည်း သေကြေပျက်စီးခဲ့ရပါတယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုဟာ တနင်္ဂနွေနေ့ မှာ ယင်းမြို့ က ကယ်ဆယ်ရေးစင်တာတွေကို သွားရောက်ဖို့  စီစဉ်ထားပါတယ်။ 

အင်ဒိုနီးရှား ငလျင်-ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီး ပိတ်မိနေသူများ ရှိနေဆဲ 

ပါလူမြို့ မှာ သေဆုံးသူဦးရေ ၄၂၀ အထိ တိုးမြင့်လာခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့် ခွဲရေး အေဂျင်စီ အကြီးအကဲ ၀ီလမ် ရမ်ပန်ဂီလိုင်က စနေနေ့ ညပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိခဲ့သူ ၅၄၀ ခန့် ရှိတယ်လို့ လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ခန့် မှန်းချေအားဖြင့် ငလျင်ဒဏ်သင့် ဒုက္ခသည် ၁ သောင်းလောက် ပါလူမြို့ က နေရာ ၁၀ ခုခန့် မှာ ခိုလှုံနေထိုင်နေရတယ်လို့  သိရပါတယ်။ ပါလူမြို့ ကို ဆက်သွယ်ထားတဲ့ လမ်းများစွာဟာ ပျက်စီးသွားခဲ့ပြီဖြစ်လို့  အပျက်အစီးတွေ အပြိုအပျက်တွေအောက် ပိတ်မိနေသူတွေကို ရှာဖွေဖို့ ရာ အကြီးစားစက်ပစ္စည်းတွေ ပို့ ဆောင်ရေး အခက်အခဲကြုံနေရကြောင်းလည်း ၀ီလမ်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သောကြာနေ့  ညနေပိုင်းက ကမ်းခြေ ပွဲတော်တစ်ခုကို ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်နေကြတဲ့ ရာပေါင်းများစွာသော လူတွေ ဘယ်နေရာရောက်လို့ ဘာတွေဖြစ်နေကြတယ်ဆိုတာ မသိရဘဲ စိုးရိမ်စရာဖြစ်ကြောင်းလည်း သဘာဝဘေး အေဂျင်စီက ပြောဆိုပါတယ်။ 

အင်ဒိုနီးရှား ငလျင်-ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီး ပိတ်မိနေသူများ ရှိနေဆဲ 

သဘာဝဘေး အေဂျင်စီအရာရှိတစ်ဦးရဲ့  အဆိုအရ ဆူနာမီလှိုင်းဟာ ၁ နာရီမိုင် ၅၀၀ နှုန်းနဲ့  ပင်လယ်ပြင်ကို ဖြတ်သန်းလာခဲ့ကာ ပါလူမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်း မိုင် ၂၀၀ ရှိ ကမ်းရိုးတမ်း တလျှောက် ရိုက်ခတ်သွားခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ပေါ်ပေါက်စေခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ဦးရေဟာ ထောင်ချီဖြစ်လာဖွယ်ရာရှိနေတယ်လို့  ဒုသမ္မတ ဂျူဆပ် ကာလာက ပြောဆိုပါတယ်။ 
အင်ဒိုနီးရှားနိုင်ငံဟာ လူသေဆုံးမှုများတဲ့ ငလျင်တွေ၊ ဆူနာမီတွေနဲ့  မစိမ်းလှတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ဆူမာတြားကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာတ၀န်း ဆူနာမီလှိုင်းလုံးကြီး ပေါ်ပေါက်ခဲ့စေခဲ့ကာ နိုင်ငံ ၁၃ နိုင်ငံမှာ စုစုပေါင်း သေဆုံးသူ ၂၂၆၀၀၀ အထိရှိခဲ့ပါတယ်။ ယင်း ဖြစ်ရပ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာတင် သေဆုံးသူ ၁ သိန်း ၂ သောင်းကျော် ရှိခဲ့တာဖြစ်ပါတယ်။ 



ကိုလင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment