Saturday, September 29, 2018

ရန်ကုန်တွင် တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်



ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို စက်တင်ဘာ ၂၉ ရက် ( ယနေ့) နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်ထောက်ခံသူများက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ တပ်မတော်အပေါ် ဖိအားပေးမှုများကို ကန့်ကွက်ကြောင်း ဗွီနိုင်းပိုစတာများနှင့် မြန်မာတပ်မတော်အား ထောက်ခံကြောင်း ပိုစတာများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ်သည်။ 

တပ်မတော်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန် ၊ မန္တလေး၊ စစ်ကိုင်း စသည့် နေရာများအပြင် အခြား ပြည်နယ်များရှိ မြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး ထပ်မံ ပြုလုပ်ရန်ရှိကြောင်း သိရသည်။ 







The Fifth Wave News

0 comments:

Post a Comment