Saturday, September 29, 2018

အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ထရာမီ ဂျပန်နိုင်ငံသို့ ဦးတည်နေ


အလွန်ကြီးမားပြီး အင်အားပြင်းသော တိုင်ဖွန်းမုန်တိုင်းထရာမီသည် စင်တင်ဘာ ၂၈ ရက်တွင် ဂျပန်နိုင်ငံသို့ ဦးတည်နေကြောင်းသိရသည်။ အဆိုပါမုန်တိုင်းသည် ယခုရက် သတ္တပတ်အကုန်တွင် ဂျပန်နိုင်ငံသို့ ဝင်နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက် ခတ်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ဂျပန် မိုးလေဝသဌာနက သတိပေးထားသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းဖြစ်ပေါ်နေသည့် အဆိုပါ ထရာမီမုန်တိုင်းသည် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ကျွန်းစုများဆီသို့ ဦးတည်တိုက်ခတ်လျက်ရှိပြီး မုန်တိုင်းဗဟိုချက်အနီး လေ တိုက်နှုန်းမှာ တစ်နာရီလျှင် ၁၆၂ ကီလိုမီတာ ဖြင့် အများဆုံးတိုက်ခတ်ကြောင်း သိရသည်။ 
အဆိုပါမုန်တိုင်းသည် ဂျပန်နိုင်ငံသို့ လျင်မြန်စွာ ရောက်ရှိလာနိုင်သည့်အတွက် ဒေသခံများ အနေဖြင့် သတိဝီရိယဖြင့် နိုးနိုး ကြားကြားရှိရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူ ဆာကီကိုနီရှီအိုကာက AFP သတင်းဌာနသို့ ပြောသည်။ ၄င်းမုန်တိုင်းသည် လက်ရှိတွင် အနောက် မြောက်အရပ်သို့ ဦးတည်ရွေ့လျားနေသော် လည်း အရှေ့ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း၊ စက်တင်ဘာ ၂၉ ရက်တွင်မူ အမာမီ နှင့် အိုကီနာဝါကျွန်းစုများဆီသို့ အလွန်နီးကပ် လာနိုင်ကြောင်း မိုးလေဝ သဌာနက အစီရင်ခံစာတစ်စောင်တွင် ပြောသည်။ 

ထို့ပြင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပင်လယ်ပြင်၌ လှိုင်းကြီးနိုင်ပြီး လေပြင်းတိုက် ခတ်ကာ မိုးသည်းထန်စွာရွာသွန်းနိုင်သည် ဟူသော အမြင့်ဆုံးသတိပေးချက်ထုတ်ပြန် ထားကြောင်း အဆိုပါဌာနက ဆက်ပြောသည်။ အဆိုပါ မုန်တိုင်းတိုက်ခတ်မည့် သတိပေး ချက်ကြောင့် နိုင်ငံ၏ အဓိကလေကြောင်း လိုင်းများဖြစ်သော JAL နှင့် ANA တို့သည် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။ ထို့ပြင် မကြာသေးမီက ဂျပန်နိုင်ငံ အနောက်ပိုင်း၌ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အားအပြင်းဆုံး မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နေရဆဲဖြစ်သည်။

0 comments:

Post a Comment