Saturday, September 29, 2018

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အမျိုးသား ၇ ဦးကို နယ်သာလန် ဖမ်းဆီး


ဖောက်ခွဲရေးခါးပတ်တွေ၊ လက်နက်တွေနဲ့ လက်ပစ်ဗုံးတွေသုံးပြီး ကြီးမားတဲ့ တိုက်ခိုက်မှုလုပ်ဖို့ ကြံစည်နေတဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်သာလန် အာဏာပိုင်တွေက စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။ 
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၁ နှစ်ကနေ ၃၄ နှစ်အတွင်း လူတွေဖြစ်ပြီး သူတို့ထဲက ၃ ဦးဟာ ပြည်ပက စစ်သွေးကြွတွေဆီ သွားရောက်ပူးပေါင်းဖို့ ကြိုးပမ်းမှုနဲ့ အရင်တုန်းကလည်း အဖမ်းခံရဖူးသူတွေဖြစ်ပါတယ်။ 

အာဏာပိုင်တွေဟာ ၆ လကြာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးမှ နယ်သာလန်နိုင်ငံအနှံ့ နေရာ ၄ ခုကနေ ဒီအမျိုးသားတွေကို ဖမ်းဆီးခဲ့တာပါ။ 

ဖမ်းဆီးထားသူတွေထဲမှာ ခေါင်းဆောင်လို့ ယူဆရတဲ့ အီရတ်နိုင်ငံသားတဦးပါဝင်ပြီး သူဟာ လူအများအပြားရှိတဲ့ ပွဲတခုမှာ တိုက်ခိုက်မှုပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေအရ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

DVB

0 comments:

Post a Comment