Sunday, September 30, 2018

ကုလသမဂ္ဂကို ဖျက်ဆီးဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး ထရမ့်ကို မာကဲလ် သတိပေး


ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ကုလသမဂ္ဂကို ဖျက်ဆီးဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပါတယ်။ 
“ကုလသမဂ္ဂမှာ ဖွံ့ဖြိုးတိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ ဖျက်ဆီးခံနေရတာဟာ တကယ့်အန္တရာယ်ပဲလို့ ကျွန်မ ယုံကြည်ပါတယ်။”လို့ ဘာဗာရီးယားပြည်နယ် ဒေသတွင်းရွေးကောက်ပွဲမဲဆွယ်မှုမှာ မာကဲလ်က ပြောခဲ့ပါတယ်။ 

ဒီအပြင်လည်း နိုင်ငံစုံဝါဒကပဲ ကမ္ဘာ့ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လို့ မာကဲလ်က ဖြည့်စွက်ပြောပါတယ်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူပြုံးကိုယ်ပျော် win-win ဖြေရှင်းမှုကို ကြိုးစားရှာဖွေခြင်း မရှိဘဲ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးတွေမှာ တစ်ဦးတည်း အောင်ပွဲခံနိုင်ရေးကိုပဲ ရှေးရှုနေတယ်လို့ပါ မာကဲလ်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို နှစ်ကြိမ်မြောက် တက်ရောက်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ သူနဲ့ သူ့အစိုးရဟာ ဂလိုဘယ်လိုက်ဇေးရှင်း အယူအဆကို ငြင်းပယ်ပြီး မျိုးချစ်ဝါဒအပေါ်မှာ ရပ်တည်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ 

‘ကမ္ဘာ့အုပ်ချုပ်ပုံ’ဆိုတာ အနိုင်အထက်ကျင့်တာနဲ့ ကြီးစိုးခြယ်လှယ်တဲ့ ပုံစံဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ဒါကို ဆန့်ကျင့်ရမှာ ဖြစ်ကြောင်း ထရမ့်က ပြောခဲ့ပါတယ်။ 

mizzima


0 comments:

Post a Comment