Sunday, September 30, 2018

လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ရန်အချိန်မရှိဘဲ အချင်းချင်းတိုက်ခိုက်ခြင်းကို ရှင်းနေရသည်နှင့် ၃ နှစ်ကုန်တော့မည်ဟု ဆို



လွှတ်တော်ကိုယ်စားလှယ်များသည် မိမိမြို့နယ်ကိုဖွံ့ဖြိုးရေးလုပ်ရန်အချိန်မရှိဘဲ အချင်းချင်းတိုက်ခိုက်ခြင်းကို ရှင်းနေရသည်နှင့် ၃ နှစ်ကုန်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က ပြောလိုက်သည်။ 
  
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းတို့ကို ပါတီစည်းကမ်းမလိုက်နာခြင်းနှင့် ပါတီရန်ပုံငွေ မထည့်ဝင်ခြင်းဆိုသည့် အချက်နှစ်ချက်ဖြင့် NLD ပါတီမှ ထုတ်လိုက်သည့်အပေါ် မဟုတ်မှန်ကြောင်း သတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ရုံးခန်း၌ စက်တင်ဘာလ ၃၀ ရက်က ကျင်းပပြုလုပ်ချိန်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
  
“ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်ထဲမှာရှိတဲ့မြို့နယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာမဆွေးနွေးရသေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ပြီးဒါတွေလိုက်စစ်ဆေးနေရတာနဲ့ ၃ နှစ်အချိန်ကုန်တော့မယ်။ ဒါ့အပြင် မြို့နယ်အဆင့်မှာ ကိုယ့်ပါတီ အချင်းချင်း၊ ပါတီကေဒါ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းအသရေပျက်စေတဲ့ တိုင်ကြားစာတွေ အကြိမ်ကြိမ်ပို့၊ Real Document အထောက်အထားလည်း မပြည့်စုံဘဲ မှော်ဘီတစ်မြို့နယ်ထဲမှာ ၆ မှုလောက် NLD မြို့နယ်ဥက္ကဋ္ဌက ရှင်းရတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က ပြောသည်။ 
  
ဒေါက်တာမျိုးညွန့်သည် ၄င်းတို့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကိုပြောသကဲ့သို့ ပါတီ၏ ရန်ပုံငွေနှင့် အလှူငွေကိုပင် ခွဲခြားပြီးမသိကြောင်း၊ ပါတီစည်းကမ်းမလိုက်နာဟုပြောဆိုသလိုပါတီတွင် ချမှတ်ထားသည့် စည်းကမ်းချက်များလည်းမရှိကြောင်း၊ ပါတီရန်ပုံငွေအဖြစ် လစဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လစာထဲမှ ကျပ်နှစ်သိန်းခွဲကိုထည့်ဝင်ခဲ့ကြောင်း၊ အသက်အရွယ်ရလာ၍ ကျောက်ကပ်ရောဂါ ခံစားနေရသောကြောင့် ပါတီတာဝန်ကိုမထမ်းဆောင်တော့၍ မိမိ၏ သဘောဆန္ဒအတိုင်းပါတီမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖြေရှင်းခဲ့သည်။ 
  
ထို့အပြင် အချို့ကိစ္စများတွင် ပါတီဥက္ကဋ္ဌကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင် သိချင်မှသိမည်ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ Rights ကိုအမိန့်တားဆီးပိတ်ပင်သည့် ဒီမိုကရေစီ အဓမ္မကျင့်ခံနေရကြောင်း ၄င်းက ဆက်ပြောသည်။ 

 အောင်သူရိန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment