Sunday, September 30, 2018

ဒီချုပ်အစိုးရသက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်များကို အကောင်းမြင်မှုများ ရှိနေသေးဟု စစ်တမ်းတစ်ရပ်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဦးဆောင် သော အစိုးရသက်တမ်းတစ်ဝက် အတွင်း ဆောင်ရွက်ချက်များအ ပေါ် လူထုသဘောထားစစ်တမ်း ကောက်ယူရာ လက်ရှိအစိုးရအ ပေါ် အကောင်းမြင်မှု ရာခိုင်နှုန်း များနေသေးကြောင်း ရွေးကောက် ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

PACE အဖွဲ့က ပြီးခဲ့သည့် မေလက နိုင်ငံသား ၂,၀၀၀ ကျော်ကို အစိုးရ သက်တမ်းတစ်ဝက် ဆောင်ရွက်ချက်များအပေါ် နိုင်ငံသားများ၏ သဘောထား စစ်တမ်း ကောက်ယူကာ လေ့လာတွေ့ရှိ ချက်ကို အစီရင်ခံစာပြုလုပ်၍ စက်တင်ဘာ ၂၈ ရက်တွင် ထုတ် ပြန်ခဲ့သည်။

စစ်တမ်းဖြေဆိုသူထက်ဝက် ခန့်က နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများသည် ယခင်အစိုးရလက်ထက်နှင့် နှိုင်း ယှဉ်ပါက ပိုမိုကောင်းမွန်လာ သည်ဟု ဖြေဆိုထားသော်လည်း တိုင်းရင်းသားဒေသများရှိ လက် နက်ကိုင်ပဋိပက္ခများလျော့နည်း ကောင်းမွန်လာသည်ဟု ဖြေဆိုမှု ၂၇ ရာခိုင်နှုန်းသာရှိကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြ ထားသည်။

လုပ်ငန်းတည်ထောင်ခြင်း၊ မိသားစုဝင်ငွေ၊ မြေယာသိမ်း ဆည်းမှု၊ ကုန်ပစ္စည်းဝန်ဆောင်မှု များ လက်လှမ်းမီသုံးစွဲနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆင်းရဲချမ်းသာကွာဟမှု စသည့် စီးပွားရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်၍ ဖြေဆိုသူ နိုင်ငံသား များ၏ အနည်းဆုံးသုံးပုံတစ်ပုံမှ အများဆုံး ရာခိုင်နှုန်းတစ်ဝက်ခန့် က လက်ရှိ အစိုးရလက်ထက်တွင် ပိုမိုကောင်းမွန်သည်ဟု ဖြေဆို ထားကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

‘‘မြို့ပြနဲ့ ကျေးလက်မှာရှိတဲ့ လူတွေရဲ့ အမြင်မတူမှုတွေက လည်း ရှိကြပါတယ်။ မြို့ပေါ်မှာ နေတဲ့သူတွေက ပိုကောင်းလာ တယ်လို့ ပြောသလို ကျေးလက်မှာ နေတဲ့သူတွေက သူတို့တွေ့ကြုံ ခံစားနေရတာတွေ ဆိုးတာတွေ လည်း ဖြေကြပါတယ်။ အဓိက ရည်ရွယ်ချက်က သာမန်ပြည်သူ တွေရဲ့ သဘောထားတွေကို အစိုးရအဖွဲ့သိရှိဖို့ပါ’’ဟု ဦးစိုင်းရဲကျော် စွာမြင့်က ပြောသည်။

စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အဆင်ပြေချော မွေ့မှုနှင့်ပတ်သက်၍ ယခင်အစိုး ရနှင့် ယခုအစိုးရလက်ထက်အခြေ အနေကို နှိုင်းယှဉ်မေးမြန်းရာဖြေ ဆိုသူ ၄၃ ရာခိုင်နှုန်းက ပိုကောင်း လာသည်ဟုဖြေဆိုပြီး ၂၀ ရာခိုင် နှုန်းက ပိုဆိုးသည်နှင့် ၂၆ ရာခိုင် နှုန်းက အပြောင်းအလဲမရှိဟုဖြေ ဆိုကြောင်း ၎င်းက ပြောသည်။

မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ယခင်အစိုးရနှင့် ယခု အစိုးရလက်ထက်အခြေအနေ များကို မေးမြန်းရာ ၄၆ ရာခိုင်နှုန်း က ပိုကောင်းလာသည်ဟု ဖြေဆိုပြီး ၁၉ ရာခိုင်နှုန်းက အပြောင်းအလဲမရှိခြင်းနှင့် ၁၀ ရာခိုင်နှုန်းက ပိုဆိုးလာသည်ဟု ဖြေဆိုထား ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအမြင်၊ အစိုးရနှင့် နိုင်ငံရေးသမားများအပေါ် သဘောထားနှင့် အ မြင်များ၊ အစိုးရဆောင်ရွက်ချက် များအပေါ် အမြင်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် မျှော်မှန်းချက်များနှင့်အဂတိလိုက်စား မှုအခြေအနေ စသည့်အချက်များ အပေါ် အခြေခံ၍ PACE အဖွဲ့က စစ်တမ်းကောက်ယူခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် ပါ ရှိသည့် နိုင်ငံသားများ၏သဘော ထားအမြင်များကို အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ သိရှိစေရန် သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဦးစိုင်းရဲကျော်စွာမြင့်က ပြော သည်။

7Day

0 comments:

Post a Comment