Sunday, September 30, 2018

ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းပေါ်တွင် ကွန်တိန်နာ ကားနှင့်သယ်ဆောင်လာသော တရားမဝင် တမလန်း သစ်များ ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီအချိန် ပင်လည်ဘူး- ဖောင်းပြင်သွား ကားလမ်းပေါ်တွင် ကွန်တိန်နာကားနှင့် သယ်ဆောင်လာသော တရားမဝင် တမလန်းသစ်များ ဖမ်းဆီးရမိ ကြောင်းသိရသည်။ 
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီအချိန်က တရားမဝင် တမလန်းသစ်များ သယ်ဆောင်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဖြိုးဝေလင်းနှင့်တပ်ဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးသော်မော်ခန့်၊ တပ်ကြပ်ကြီး ကျော်ဖုန်းဌေးနှင့်ဝန်ထမ်းများသည် သက်သေ များနှင့်အတူ ပင်လည်ဘူး - ဖောင်းပြင်သွား ကားလမ်း မိုင်တိုင်အမှတ် ၈၆/KM၊ ခန့်မှန်း မပည GB 289594 နေရာတွင် ရပ်ထားသော ယာဉ်အမှတ် MDY 1L---— CANTAR အမျိုးအစား ကွန်တိန်နာ၊ အဖြူရောင် ၆ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် ယာဉ်မောင်း ညီညီစိုး နှင့် ယာဉ်နောက် လိုက်ပါလာသူ မောင်မောင်စိုး ၊ သီဟအောင် နမ့်ဖက်ကာကျေးရွာ၊ ကွတ်ခိုင်မြို့နယ်၊ ရှမ်းပြည်နယ်နေသူတို့ သုံးဦးအား တွေ့ရှိရပြီး ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်တရားမဝင် တမလန်းသစ် ဓားရွေတုံး ၁၃ တုံး၊ (၂ ဒဿမ ၀၃၅၂)တန်ခန့်အား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ 

အဆိုပါ တရားမဝင်တမလန်းသစ်များ သယ်ဆောင် လာသူ တရားခံ ညီညီစိုး၊ မောင်မောင်စိုးနှင့်သီဟအောင်တို့ သုံးဦးအား ပင်လည်ဘူးမြို့နယ် ရဲစခန်းမှ ဥပဒေနှင့်အညီ စစ်ဆေး အရေးယူ ဆောင်ရွက်ထားပြီးကြောင်း သိရှိ ရသည်။ 

မျိုးလွင်(ပင်လည်ဘူး) 



0 comments:

Post a Comment