Sunday, September 30, 2018

၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ



၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။ 
ဒါ့အပြင် ထူးချွန်ထက်မြက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံ ရဲချုပ်က ချီးမြှင့်တဲ့ ဆု ၁၉ ဆု၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ချီးမြှင့်တဲ့ ဆု ၄၉ ဆု၊ ရဲတပ်ဖွဲ့မှူးကပေးတဲ့ ၂၆၉ ဆု နဲ့ ဆုပေါင်း ၃၂၉ ဆုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 

၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့အတွက် ပြည်သူ့ရဲတပ်ဖွဲ့အမည်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ 

အဲဒီနေ့ကို ရဲတပ်ဖွဲ့နေလို့ သတ်မှတ်ခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ အမည်ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 




DVB



0 comments:

Post a Comment