Sunday, September 30, 2018

အင်ဒိုနီးရှား ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈၃၀ ကျော်ထိ ရှိလာ


အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က လှုပ်ခဲ့တဲ့ အားပြင်းမြေငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ယနေ့လက်ရှိအချိန်မှာ ၈၃၂ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
အင်ဒိုနီးရှား သဘာဝဘေး ကယ်ဆယ်ရေး အေဂျင်စီက ယခု ထုတ်ပြန်ကြေညာလိုက်တဲ့ သေဆုံးသူဦးရေ စာရင်းက မူလ သိရှိထားခဲ့တဲ့ ကိန်းဂဏာန်းထက် နှစ်ဆနီးပါး ခုန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် သေဆုံးသူဦးရေဟာ ထောင်နဲ့ချီအထိ ရှိလာလာနိုင်သေးကြောင်းလည်း အင်ဒိုနီးရှား ဒုသမ္မတ Jusuf Kalla က ပြောထားပါတယ်။ 

ယင်း သဘာဝဘေးဒုက္ခဆိုးကြီး ကြုံတွေ့အပြီးမှာတော့ နိုင်ငံမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ယင်းကျွန်းပေါ်ရှိ ထိတ်လန့်တုန်လှုပ်နေခဲ့ကြရတဲ့ ဒေသခံတွေဟာ အစားအသောက်နဲ့ ရေ အလျင်မီအောင် ရဖို့ ခက်ခဲနေလျက်ရှိပြီး ခိုးဝှက်လုယက်မှုတွေလည်း ပြန့်နှံ့ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

အဆောက်အအုံတွေ ပျက်စီးသွားတာ၊ လမ်းတွေ အက်ကွဲသွားတာ၊ ကားတွေ ပိမိပြားကပ်သွားတာတွေကို မြင်တွေ့ထားခဲ့ရပါတယ်။ 

ယနေ့မှာတော့ အဆိုပါသဘာဝဘေး ထိခိုက်ခံဇုန်ကို အင်ဒိုနီးရှားသမ္မတ ကိုယ်တိုင် လာရောက်ကြည့်ရှုလျက်ရှိကြောင်းလည်း သိရပါတယ်။

မဇ္ဈိမ

0 comments:

Post a Comment