Saturday, September 29, 2018

မြန်မာ-ရုရှား နှစ်နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးပွဲအတွက် လက်မှတ်ရေးထိုး




မြန်မာနဲ့ ရုရှားနိုင်ငံတို့ နှစ်နိုင်ငံရေးရာ၊ ဒေသရေးရာတွေ ဆွေးနွေးမယ့် ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ်အတွက် မနေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 
ဒီအစီအစဉ်ကို ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၁၈-၂၀၂၀) လို့ခေါ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ကိုယ်စား လက်မှတ်ရေးထိုး ကြပါတယ်။ 

ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ်အရ နှစ်ဖက်စိတ်ဝင်စားမှုရှိတဲ့ နှစ်နိုင်ငံရေးရာ၊ ဒေသရေးရာနဲ့ နိုင်ငံတကာ ရေးရာကိစ္စရပ်တွေအပေါ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

DVB


0 comments:

Post a Comment