Sunday, September 30, 2018

အမေရိကန်တွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦးသေဆုံး


အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အယ်လန်တောင်းမြို့က လမ်းထောင့်မှာ စက်တင်ဘာ ၃၀ ရက်ညက ပေါက်ကွဲမှုတခုကြောင့် လူ ၃ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ 
လမ်းပေါ်မှာ ကားအစိတ်အပိုင်းတွေ ပြန့်ကျဲနေပြီး မှုခင်းစုံစမ်းစစ်ဆေးသူတွေက အခင်းဖြစ်နေရာကို ပိုက်စိပ်တိုက် ရှာနေပါတယ်။ 

စုံစမ်းစစ်ဆေးသူတွေက သေဆုံးသူတွေ ဘယ်သူဘယ်ဝါ၊ ဖောက်ခွဲရတဲ့ နောက်ခံအကြောင်းရင်း ဘာလဲ စတာတွေကို ဖော်ထုတ်ဖို့ ဆက်ကြိုးစားနေပါတယ်။ 

မျက်မြင်သက်သေ အားလုံးကို စကားပြောနေတယ်လို့ ရဲမှူး တိုနီ အဲ့စလေဘန်က စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ပိတ်ဆို့ထားပြီး ပြည်သူအပေါ် နောက်ဆက်တွဲ ဘေးအန္တရာယ် မရှိဘူးလို့ ရဲက ပြောပါတယ်။ 

သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ မသိသေးပေမယ့် ဖောက်ခွဲသူဟာ သေဆုံးသူတွေထဲမှာ ပါသွားပုံရတယ်လို့ ခရိုင်အစိုးရ ရှေ့နေက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်နေရာနားမှာနေတဲ့ ဒေသခံတချို့ကို ဘေးကင်းရာ ရွှေ့ခိုင်းပြီး အနားက ယာယီခိုလှုံရေး နေရာမှာ ခိုလှုံနေကြပါတယ်။

DVB

0 comments:

Post a Comment