Sunday, September 30, 2018

တောင်ဒဂုံတွင် ကျူးကျော်နေအိမ် ၃၀ ခန့်ကို ဖယ်ရှားဟု တာဝန်ရှိသူပြော



ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်(၆၂) ရပ်ကွက် ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံ ကိန်းဆောင်ရွက်မည့်မြေနေရာတွင် ၀င်ရောက်နေထိုင်သည့် ကျူးကျော်နေအိမ် ၃၀ ခန့်ကို ယမန်နေ့က ဖယ်ရှားခဲ့သည်။ 
အဆိုပါကျူးကျော်အိမ် ၃၀ ခန့်သည် လူနေနည်းပါးသည့် အိမ်များဖြစ်ပြီး အစိုးရကလွန်ခဲ့ သည့် သုံးလအတွင်းက ဖယ်ရှား ခိုင်းရာတွင် မဖယ်ရှားဘဲကျန်ရှိ နေသည့် အိမ်များဖြစ်ကြောင်း (၆၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ 

‘‘ကျန်ခဲ့တဲ့သူတွေက မရှိလို့ နေတဲ့သူတွေမဟုတ်ဘူး။ ရှိရဲ့ သားနဲ့ကျူးပြီးတော့ နေကြတဲ့သူ တွေ’’ ဟု ၎င်းကပြောသည်။ စစ်အစိုးရလက်ထက်က ကြက်ဆူပင်စိုက်ခင်းများအတွက် ချထားပေးသော ယင်းနေရာတွင် စိုက်ပျိုးခွင့်ရရှိထားသောလုပ်ငန်း များက လူနေအိမ်များကို ငှားရမ်း ခြင်းကအစပြုပြီး နေထိုင်လာခဲ့ရာ အိမ်ခြေ၂၀၀ခန့်ရှိလာခဲ့သည်ဟု အထက်ပါတာဝန်ရှိသူကပြော သည်။ 

‘‘အိမ်ခြေ ၂၀၀ ကျော် လောက်ရှိတယ်။ ကျန်ခဲ့တဲ့အိမ် ၃၀၊ လူနေအိမ်နည်းတယ်။ အ ချောင်ရမလားဆိုပြီး လုပ်နေတဲ့ သူတွေများတယ်။ မြေကြီးကို လိုချင်လို့တင်းခံနေကြတာ။ ဒီနေ့ တော့အပြီးဖျက်ပြီးသွားပြီ။ သံ ထည်ပစ္စည်းတွေကျန်ခဲ့တယ်။ သူ တို့ကိုဒါတွေကိုသယ်ဖို့တော့ ပြော ထားတယ်’’ ဟု ၎င်းကပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့အနေဖြင့် ယင်းမြေနေ ရာရှိကျူးကျော်သူများကို လွန်ခဲ့သည့် သုံးလခန့်ကတည်းက ဖယ်ရှားခိုင်းထားပြီး အိမ်ခြေ ၂၀၀ခန့် ရှိသည့်အနက် ၃၀ ခန့်သာကျန် ရှိနေခြင်းဖြစ်သည်။ 

အဆိုပါမြေနေရာသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုင်မြေဖြစ်ပြီးမည်သူမျှ ရောင်းချထားခြင်းမရှိသည့် နေရာဖြစ်သည်ကို သိရှိရကြောင်း တောင် ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးညီညီက ပြောသည်။ 

‘‘အမှန်က ရန်ကုန်တိုင်းဒေ သကြီးအစိုးရနဲ့ အကျိုးတူစီမံ ကိန်းဆောင်ရွက်မယ်ဆိုတဲ့ အရာ ကရှိပြီးသား၊ ဘယ်နေ့ဘယ် ရက်ရွှေ့မလဲဆိုတာ နို့တစ်စာ ကပ်ပြီးသား။ တော်တော်များများ အိမ်တွေလည်းပြောင်းရွှေ့သွား တယ်’’ ဟု ဦးညီညီကပြောသည်။ 

ဖယ်ရှားခံရသည့်နေအိမ်ရှင်များနှင့် အဆက်အသွယ်ရရန် ကြိုးစားသော်လည်း ဖုန်းအ ဆက်အသွယ်မရရှိပေ။


7Day

0 comments:

Post a Comment