Sunday, September 30, 2018

ဒုသမ္မတ နှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ကရင်ပြည်နယ်မှ လူ ၆ ဦး နေပြည်တော်သို့ ချီတက်ဆန္ဒပြ


ကရင်ပြည်နယ်၊ ဘားအံမြို့တွင်နေထိုင်သည့် ဦးစိုင်းသီဟ အပါအ၀င် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးသည် ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူနှင့်တွ့ဆုံခွင့်ရရှိရန်အတွက် နေပြည်တော်သို့ စက်တင်ဘာလ ၃၀ ရက်နေ့က ဆန္ဒပြချီတက်လာကြောင်းသိရသည်။ 
အဆိုပါ ၆ ဦးသည် ကရင်ပြည်နယ်အတွင်းသိမ်းဆည်းခံ မြေယာကိစ္စနှင့်အဂတိလိုက်စားထားမှုများအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် နေပြည်တော်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။ 

ယင်း ၆ ဦးသည် နိုင်ငံတော်အလံ ၁ ခုနှင့် ကရင်ပြည်နယ် အလံ ၂ ခုတို့အား ကိုင်ဆောင်၍ “ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်တွေ့ဆုံခွင့်ရရှိရေးဒို့အရေး အဂတိလိုက်စားအကျင့်ပျက်ဝန်ထမ်းများအား အရေးယူရေး ဒို့အရေး၊ ဥပဒေအထက်တွင်မည်သူမှ မရှိရေး၊ဒို့အရေး၊ သိမ်းဆည်းမြေကိစ္စတိကျမှန်ကန်မြန်ဆန်စွာ စီစစ်ပေးရေး ဒို့အရေး”စာသားများအား ကိုင်ဆောင်ကာ ရန်ကုန်-မန္တလေးလမ်းဟောင်းတိုင်း အောင်မင်္ဂလာကားဝင်းဟောင်းမှ ပျဉ်းမနားမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ 



#The Fifth Wave News

0 comments:

Post a Comment