Sunday, September 30, 2018

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကားလမ်းမကြီးအား TNLA အကြမ်းဖက် သောင်းကျန်းသူများက လမ်းကြောင်း ပိတ်ဆို့ ဆက်ကြေး ကောက်ခံနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွား


ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် မန်ပြိန်းကျေးရွာ အနီးရှိ ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယနေ့ နံနက်ပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က မော်တော်ယာဉ်များ အားရပ်တန့်၍ လမ်းကြောင်းပိတ်ဆို့ကာ ဆက်ကြေး ကောက်ခံလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွား ရောက် ရှင်းလင်း ခဲ့ရာ ညနေပိုင်းတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ 
အလားတူ ယနေ့နေ့လယ်ပိုင်းတွင်လည်း မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအနီးတစ်ဝိုက်ရှိ ပြည်ထောင်စုကား လမ်းမကြီးပေါ်၌ TNLAအကြမ်းဖက်သောင်းကျန်းသူအင်အားတချို့က ဆက်ကြေးကောက်ခံရန်အတွက် လမ်း ကြောင်း ပိတ်ဆို့ ထားသော ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းလျက်ရှိသည်။ ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ပြည်သူများ ပုံမှန်အတိုင်းပြန်လည် သွားလာနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 

မြ၀တီ

0 comments:

Post a Comment