Sunday, September 30, 2018

ဒေါ်လာဈေးကစားသူလေးဦးကို ဖမ်းဆီး၊ တစ်ဦးကို တရားခံပြေးသတ်မှတ်

ဒေါ်လာဈေးကစားသူလေးဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို တရားခံပြေးအဖြစ်သတ်မှတ်ထားကြောင်း အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန(စစစ)ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောသည်။ 
အစိုးရသစ်လက်ထက်တွင် ဒေါ်လာဈေးကစားသူများကို ဖမ်းဆီး အရေးယူခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ 

ဖမ်းဆီးထားသူ လေးဦးကို ၂၀၁၂ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂၊ ၄၃ တို့ဖြင့် ကျောက်တံတား၊ ပန်းဘဲတန်းနှင့် ပုဇွန် တောင်မြို့နယ်ရဲစခန်းတို့တွင် အမှုဖွင့်ထားပြီး ယမန်နေ့က ရုံးထုတ်ရမန် ယူခဲ့ကြောင်း ဦးအောင်မျိုးက 7Day Daily သတင်းစာအား ပြောကြား သည်။ 

ထို့အပြင် ဒေါ်လာဈေးကစားသူများကို အရေးယူနိုင်ရေး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး ရွှေ ဈေးကစားသူများပါ စစ်ဆေးနေ ကြောင်း၎င်းက ဆက်လက်ပြော ကြားသည်။ 

‘‘သူတို့နာမည်တွေကတော့ မသိရဘူး။ လေးယောက်ကတော့ စခန်းတွေမှာ အမှုဖွင့်ထားတယ်။ တစ်ယောက်ကတော့ အပြေး ပေါ့’’ ဟု ဦးအောင်မျိုးက ပြော သည်။ 

ဒေါ်လာနှင့်ရွှေဈေးကစား သူအနည်းဆုံး လူပုဂ္ဂိုလ်ဆယ် ဂဏန်းခန့်ကို စစ်ဆေးမေးမြန်းနေ ပြီး ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးခြင်းကြောင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

‘‘ကျွန်တော်တို့ကြားတာက လက်ရှိလေးဦးအပြင် နှစ်ဦးကျန် သေးတယ်။ အဲဒီနှစ်ဦးက အခုလူ တွေထက်ငွေပိုများတယ်’’ ဟု ငွေ လဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ပြောသည်။ 

ဒေါ်လာဈေးစံချိန်တင်မြင့် တက်ပြီးနောက် သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူက ဈေးကစားသူ များကို စိစစ်အရေးယူမည်ဟု စက်တင်ဘာ ၂၁ ရက်တွင် ပြော ပြီးနောက် စသုံးလုံးအဖွဲ့က ဒေါ် လာဈေးကစားသူများကို စက် တင်ဘာ ၂၃ ရက်တွင် စတင်ခေါ် ယူစစ်ဆေးပြီး ရွှေဈေးကစား သူများကိုလည်း စက်တင်ဘာ ၂၄ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့သည်။ 

စသုံးလုံးအဖွဲ့က ၀င်ရောက် စစ်ဆေးပြီးနောက် ဒေါ်လာနှင့် ရွှေဈေးကွက်တွင် စက်တင်ဘာ ၂၅ ရက်ကစ၍ အရောင်းအ၀ယ် ရပ်ဆိုင်းခဲ့သည်။ 

ပြင်ပတရားမ၀င်ငွေကြေး ဈေးကွက်တွင် ဒေါ်လာဈေးဖွင့် ရောင်းဝယ်ခြင်းမရှိဘဲ ငွေလဲ ကောင်တာများနှင့် ပုဂ္ဂလိက ဘဏ်များရှိ ငွေလဲကောင်တာ များ ဈေးဖွင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ 

ဒေါ်လာတရားမ၀င်ဝယ် ရောင်းပြုလုပ်သူများကို စသုံးလုံး က ဖမ်းဆီးစစ်ဆေးမှုများကြောင့် ပြင်ပငွေကြေးဈေးကွက်တွင် အ ရောင်းအ၀ယ်ရပ်နားထားရာ ငါး ရက်ခန့်ရှိပြီဖြစ်ကြောင်း ငွေလဲ ၀န်ဆောင်မှုလုပ်ကိုင်သူတစ်ဦးက ပြောသည်။ 

ဒေါ်လာတန်ဖိုးပြန်လည်ကျ ဆင်းနေခြင်းကြောင့် ရောင်းချ လိုသူများနေကြောင်းကို ၎င်းက ဆက်လက်ပြောသည်။ သို့သော် ငွေလဲဝန်ဆောင်မှု လုပ်ကိုင်သူ များက ကန်ဒေါ်လာကို အရောင်း အ၀ယ်မလုပ်ရဲကြောင်း ပြောပြ သည်။ 

တရားဝင်ငွေလဲလှယ်ရေး ကောင်တာများတွင်တစ်ဒေါ်လာ ၀ယ်ဈေး ကျပ် ၁,၅၂၀၊ ရောင်း ဈေးကျပ် ၁,၅၅၀ ဈေးဖွင့်သည်။ ထို့အပြင် ပြည်တွင်းရွှေဈေးက လည်း တစ်ပတ်အတွင်း ၅ ရာခိုင် နှုန်းကျော်ကျဆင်းပြီး စက်တင် ဘာ ၂၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားကျပ် ၉၇၇,၀၀၀ ဖြင့် ရွှေဆိုင်အချို့က ဈေးဖွင့်သည်။ 

၂၀၁၂ တွင် ပြဋ္ဌာန်းထား သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ တွင် မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံ ခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခြင်း မပြုဟု တားမြစ်ထားသည်။ 

ထို့အပြင် ပုဒ်မ ၃၉ တွင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင်ရရှိထားသူ မည်သူ မဆိုဗဟိုဘဏ်က ထုတ်ပေးထား သည့် လုပ်ငန်းလိုင်စင်တွင်သတ် မှတ်ခွင့်ပြုခြင်းမရှိသော နိုင်ငံခြား သုံးငွေလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရဟုလည်း တားမြစ်ထား သည်။ တားမြစ်ထားမှုကို ဖောက် ဖျက်ကျူးလွန်မည်ဆိုပါက ပုဒ်မ ၄၂ နှင့် ၄၃ အရပြစ်မှုထင်ရှားစီ ရင်ခြင်းခံရလျှင် သုံးနှစ်ထက်မပို သောထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေချမှတ်ရမည့်အပြင် သက်သေ ခံပစ္စည်းများကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်အ မိန့်ချမှတ်ရမည်ဟု နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုဥပဒေအခန်း (၁၂) တွင် ပြစ်မှုနှင့်ပြစ်ဒဏ်ခေါင်းစဉ် ဖြင့် ဖော်ပြထားသည်။

7Day

0 comments:

Post a Comment