မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်မှာ မြေငလျင်တခု လှုပ်ခတ်သွးတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်က စဥ့်ကူးမြို့ရဲ့ အရှေ့မြောက်ဘက် ၆ မိုင်ခန့်လောက်အကွာ မြောက်လတ္တီတွဒ် ၂၂.၆၂၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄၊ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်တာစကေး ၄.၂ အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
DVB
0 comments:
Post a Comment