Saturday, September 29, 2018

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ မြန်မာနိုင်ငံရွေ့ ပြောင်း အလုပ်သမားတဦး အသတ်ခံရ


စက်တင်ဘာလ ၂၈ ရက်နေ့ က မဲဆောက်မြို့ နယ် ထစိုင်လို့ ဝ် ကျေးရွာအုပ်စု (၂) ကအထည်စက်ရုံနောက်က ချောင်းအတွင်းမှာ အသက် ၂၅ နှစ်အရွယ်အမျိုးသားတဦးရဲ့ အလောင်းကို အဆိုပါအကျေးရွာက ငါးရှာနေတဲ့ကျေးရွာသားတွေက စတွေ့ ရှိခဲ့ကြောင်းသိရပါတယ်။ 
သေဆုံးနေသူဟာ မြန်မာနိုင်ငံသားရွေ့ ပြောင်းအလုပ်သမားတဦးဖြစ်ပြီး ရဲတပ်ဖွဲ့ က အဆိုပါနေရာ အနီးမှာရှိတဲ့ အလုပ်ရုံတွေမှာ ပျောက်ဆုံးသွားသူတွေရှိမရှိ သေဆုံးသူ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို ဆက်လက် စုံစမ်းမှုတွေပြုလုပ်နေပါတယ်။ 

လည်ပင်မှာ ဒါးဒဏ်ရာနဲ့  သေဆုံးနေသူအမျိုးသားဟာ ရက်ပိုင်းအတွင်းက သေဆုံးနေတာဖြစ်ပါတယ်၊ အလောင်းကို မဲဆောက်ဆေးရုံကြီးကိုပို့ ပြီး စစ်ဆေးနေကြောင်းလည်းသိရပါတယ်။ 

မြန်မာနိုင်ငံသားတွေ သိန်းနဲ့ ချီ လာရောက်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာခုလို လူ သေဆုံးမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။ 



SAW

0 comments:

Post a Comment