Sunday, September 30, 2018

အင်တာနက် စာမျက်နှာများပေါ်တွင် ဧရာဝတီဘဏ်၏ iBanking သို့ Log in ၀င်ရောက်ရန် Page အတုများ ပြုလုပ်ပြီး အသုံးပြုသူများ၏ Username နှင့် Password များရယူရန် ကြိုးစားမှုများရှိနေကြောင်း ထုတ်ပြန်

အင်တာနက် စာမျက်နှာများပေါ်တွင် ဧရာဝတီဘဏ်၏ iBanking သို့ Log in ၀င်ရောက်ရန် Page အတုများပြုလုပ်ပြီး Username နှင့် Password များရယူရန် ကြိုးစားမှုများ ရှိနေကြောင်း ဧရာဝတီဘဏ်မှ ထုတ်ပြန်ထားသည်။ 
လက်ရှိတွင် Internet စာမျက်နှာများပေါ်၌ ဧရာဝတီဘဏ်၏ iBaning သို့ Log in ၀င်ရောက်ရန် မသမာသူများက Page အတုများပြုလုပ်၍ အသုံးပြုသူ Customer များ၏ Username နှင့် Password များအား ရယူရန် ကြိုးစားလျက်ရှိကြောင်း၊ AYA Bank နှင့် ဆင်တူရိုးမှား Facebook Page, Website (သို့) မိမိမသိသော အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၏ E-mail များမှတစ်ဆင့် မိမိအသုံးပြုသော ဘဏ်ငွေစာရင်း (Account) နံပါတ်နှင့် Username၊ Password တို့ကို သင်္ကာမကင်းဖွယ် တောင်းခံမှု ပြုလုပ်လာပါက သတိထား စိစစ်ပေးပါရန်နှင့် မိမိ၏ အရေးကြီး သတင်းအချက်အလက်များကို ရေးသွင်းခြင်းမပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် AYA Bank အနေဖြင့် iBaning Page – www.ayaibanking.com, Facebook Page – https:/www.facebook.com/ayabank / Email – info@ayabank.com, promotion@ayabank.com, cardstatement @ayabank.com, support.card@ayabank.com တို့ဖြင့်သာ ဆက်သွယ်အသုံးပြုသဖြင့် အခြားဆင်တူယိုးမှား Page များကို အသုံးမပြုမိစေရန် သတိထားစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

AYA iBaning/mBanking ၀န်ဆောင်မှုအား အသုံးပြုရာတွင် AYA Bank မှ Username, Password အပြင် One Time Password (OTP) ကိုပါ ပိုမိုလုံခြုံမှုရှိစေရန်အတွက် အသုံးပြုထားကြောင်း၊ AYA Bank သည် ဘဏ်နှင့်ဆက်သွယ်သူ မိတ်ဆွေတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံမှုရှိစေရန် အထူးဂရုပြု ဆောင်ရွက်နေကြောင်း၊ မိမိ၏ လျှို့ဝှက်နံပါတ် (Code) များဖြစ်သည့် Password များ၊ Card PIN number, OTP number စသည်တို့ကို Online မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ မည်သည့်အခါမျှ တောင်းခံခြင်းမပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

AYA iBanking/mBanking ၀န်ဆောင်မှုကို အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေဖို့ မိတ်ဆွေတို့၏ လျှို့ဝှက်နံပါတ် (password) တို့ကို ဖုန်းဖြင့်သော်လည်းကောင်း၊ Online မှသော်လည်းကောင်း မိမိမသိရှိသည့် အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်း၊ မျှဝေ (Share) သုံးခြင်းမပြုရန်နှင့် သင့်ဘဏ်ငွေစာရင်း အချက်အလက် (bank account information) များသည် မိမိတစ်ဦးတည်း အသုံးပြုရန် လိုအပ်ကြောင်း၊ AYA iBaning/mBanking နှင့် ချိတ်ဆက်ထားသော OTP Device နှင့် မိတ်ဆွေတို့၏ Phone Number များကိုလည်း လုံခြုံစွာ သိမ်းဆည်းထားရန် လိုအပ်ကြောင်း၊ မိမိ၏ Account ဖြင့် သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှု (Transaction) များ တွေ့ရှိပါက AYA Bank 24/7 Contact Center ၀၁-၂၃၁၇၇၇၇ သို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဆန်းထူးအောင်

Eleven Media Group

0 comments:

Post a Comment