Sunday, September 30, 2018

မြောက်ဦးတွင် မိုးကြိုးပစ်ခံရ၍ လူသုံးဦးသေဆုံး၊ မိုးတိမ်တောင်အန္တရာယ်သတိပြုရန်လို

လယ်တဲအတွင်း မိုးခိုနေသူသုံးဦး မိုးကြိုးထိမှန်သေဆုံး မှု မြောက်ဦးတွင် ယမန်နေ့ညနေ က ဖြစ်ပွားခဲ့သည်။ အနောက်တောင် မုတ်သုံ လေဆုတ်ခွာနေ၍ မိုးတိမ်တောင် အန္တရာယ်သတိပေးထားစဉ် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘာညိုကျေးရွာတွင် မိုးကြိုးပစ်ခံရသဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 
ရခိုင်ပြည်နယ် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းက ရုံးပိတ်ရက်ဖြစ်သော်လည်း သေ ဆုံးသူများအတွက် အမြန်ဆုံး ထောက်ပံ့နိုင်အောင် ဆောင်ရွက် နေကြောင်း ယမန်နေ့ည ၁၀ နာရီ ခန့်က ပြောသည်။ 

မိုးကြိုးပစ်မှု အပါအဝင် သဘာဝဘေးကြောင့် သေဆုံးပါ က အစိုးရက တစ်ဦးလျှင် ကျပ်သုံးသိန်းထောက်ပံ့ရာ ယခုသေဆုံးသူ သုံးဦးအတွက် ထောက်ပံ့ပေးအပ် ရန် ဌာနဆိုင်ရာက စီစဉ်ခြင်းဖြစ် သည်။ 

လက်ရှိတွင် အနောက် တောင်မုတ်သုံလေ မြန်မာနိုင်ငံမှ ဆုတ်ခွာနေချိန်ဖြစ်၍ လေထုမ ငြိမ်မသက်ဖြစ်ကာ မိုးတိမ်တောင် လက္ခဏာဖြစ်သော လေပြင်းနှင့် မိုးကြိုးအန္တရာယ် အထူးသတိ ပြုနေထိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။ တနင်္သာရီ တိုင်းဒေသကြီး ရေဖြူနှင့် ကျွန်းစုမြို့နယ်တွင် လည်း စက်တင်ဘာ ၂၂ ရက် ညနေက မိုးကြိုးပစ်မှု နှစ်ကြိမ်အတွင်း လူသုံးဦးသေဆုံးသည်။ မြန်မာနိုင်ငံတွင် မိုးရာသီအတွင်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူ ၁၀၀ ခန့်သေဆုံးနေသည်။ မိုးတိမ်တောင် လက္ခဏာဖြစ်သော လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းသည် မွန်းလွဲနှင့် ညနေတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။

7Day 


0 comments:

Post a Comment