Sunday, September 30, 2018

အမေရိကန်ကို မယုံကြည်ရသေးဘဲ တစ်ဖက်သတ် လက်နက်ဖျက်သိမ်းဖို့  မဖြစ်နိုင်ဟု မြောက်ကိုရီးယား ပြော


ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မြောက်ကိုရီးယားနိုင်ငံအနေနဲ့  နျူကလီးယားလက်နက်တွေကို တစ်ဖက်သတ်ဖျက်သိမ်းပေးဖို့ မဖြစ်နိုင်ကြောင်းနဲ့  ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်လုပ်နေခြင်းဟာ အမေရိကန်ပြည်ထောင်စုအပေါ် မယုံသင်္ကာမှုတွေဖြစ်စေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂမှာ စနေနေ့ က ပြောဆိုခဲ့ပါတယ်။ 
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ရပ်တန့် ထားခြင်း၊ နျူကလီးယားစမ်းသပ်နယ်မြေကို ဖြိုဖျက်ခဲ့ခြင်း၊ နျူကလီးယားလက်နက်နဲ့ နည်းပညာတွေ တဟုန်ထိုးတိုးပွားလာအောင် မလုပ်ဆောင်တော့ဘူးလို့  အာမခံကတိပြုခဲ့ခြင်းတို့ လို စိတ်သဘောထားကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေကို ပြီးခဲ့တဲ့နှစ်မှာ သိသိသာသာပြသခဲ့ပြီးဖြစ်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ကုလသမဂ္ဂအထွထွေညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုထံကတော့ လိုက်လျောညီထွေတဲ့ တုန့် ပြန်မှုမျိုး မိမိတို့  မမြင်တွေ့ ရသေးပါဘူးလို့  ၄င်းက ဆိုခဲ့ပါတယ်။ အမေရိကန်ကို ယုံကြည်စိတ်ချရမှု မရှိဘူးဆိုရင် မိမိတို့ လုံခြုံရေးအတွက်လည်း စိတ်ချနိုင်မှာ မဟုတ်ကြောင်း၊ ဒီအခြေအနေတွေအောက်မှာ မိမိတို့ က အရင်ဦးစွာ တစ်ဖက်သတ် လက်နက်ဖျက်သိမ်းဖို့ ဆိုတာ လုံဝမဖြစ်နိုင်ကြောင်း ရီက ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ က စင်ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ရဲ့  ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ခဲ့ကာ ပူးတွဲထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ ယင်း ထိပ်သီးအတွင်း ကိုရီးယားကျွန်းဆွယ် နျူလက်နက်ကင်းစင်ရေး ရှေ့ တိုးလုပ်ဆောင်သွားမယ်လို့  ကင်က ကတိပြုခဲ့သလို မြောက်ကိုရီးယားရဲ့  လုံခြုံရေးအတွက် အာမခံချက်ပေးမယ်လို့  ထရန့် ကလည်း ကတိပြုခဲ့ပါတယ်။ 

ကိုလင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment