Monday, September 3, 2018

ဝလုံးနှင့်ကျော်စိုးဦးကို လွှတ်ပေးဖို့ အီးယူနှင့် အမေရိကန်တောင်းဆို



နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင် ၇ နှစ်စီ ချမှတ်ခံရသော ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံးတို့က တောင်းဆိုသည်။ 
သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အမိန့်ချမှတ်ပြီးနောက်ပိုင်း အဆိုပါအဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန်ကာ ပြန်လွှတ်ပေးရေး တောင်းဆိုခြင်းဖြစ်သည်။ 

သတင်းထောက်များကို ပြစ်ဒဏ်ချမှတ်ခြင်းသည် ဒီမိုကရေစီနည်းကျလွတ်လပ်မှုကို ရှေ့တိုးဆောင်ရွက်ရန်ချမှတ်ထားသည့် မြန်မာအစိုးရ၏ ရည်မှန်းချက်ကို နှောင့်နှေးကြန့်ကြာစေသည့် အဓိကအချက်ဖြစ်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့ ထောင်ချလိုက်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်၊ အများပြည်သူ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် တရားဥပဒေစိုးမိုးရေး တိုးတက်မှုကို မှေးမှိန်လျော့ကျသွားစေခဲ့ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ပြောဆိုသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းဖော်ပြမှုများကြောင့် လျှို့ဝှက်အက်ဥပဒေဖြင့် အပြစ်ပေးခြင်းသည် တခြားသတင်းသမားများအပေါ် မိမိတာဝန်ကို ထမ်းဆောင်ရုံမျှဖြင့် ကျိုးကြောင်းမဆီလျော်စွာ ဖမ်းဆီးမှုများကို ကြောက်လန့်စေမှုကို ဖြစ်စေကြောင်း ဖော်ပြပါရှိသည်။


The Voice

0 comments:

Post a Comment