Thursday, September 27, 2018

လူမျိုးရေးအာဃာတနှင့်သာသာရေးအစွန်းရောက်မှု၏ ဘေးထွက်ဆိုးကျိုးဖြစ်သည့် တင်းမာမှုများကို ခုခံရုန်းကန်နေရသည်ဟု NLD ပြောကြား



လူမျိုးရေးအာဃာတနှင့် ဘာသာရေးအစွန်းရောက်မှု၏ဘေးထွက်ဆိုးကျိုးများဖြစ်သည့် တင်းမာမှုနယ်ပယ်များကို ခုခံရုန်းကန်ရင်း မိမိ၏ အမျိုးသားဂုဏ်သိက္ခာ အမှတ်အသားသရုပ်နှင့်အချုပ်အခြာအာဏာအတွက်ကာကွယ်ခဲ့ရသည်ဟု NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင်ဦးဥာဏ်ဝင်းက ပြောကြားသည်။ 
ယနေ့ (စက်တင်ဘာလ ၂၇ရက်နေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ပြုလုပ်သည့် ပါတီတည်ထာင်ခြင်း နှစ် (၃၀) မြောက်နေ့တွင် ပြောကြားသည့် အဖွင့်အမှာစကားတွင်ဦးဥဏ်ဝင်းက ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယခုအချိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ တာဝန်ပေးမှုအရ မြန်မာ့လူ့ဖွဲ့အစည်းနှင့် နိုင်ငံတော်ကို တာဝန်ခံမှု၊တာဝန်ယူမှုနှင့် စီမံဆောင်ရွက်နေရပြီဖြစ်သည်ဟု ဆိုသည်။ 

အခြားတစ်ဖက်တွင်လည်း သိမ်မွေ့နက်နဲသည့်စိန်ခေါ်မှုများနှင့် ဖိအားများကိုရင်ဆိုင်ခဲ့ရကြောင်း၊ စမ်းသပ်မှုများ ပေါင်းစုံကိုလည်း တုန့်ပြန်နေခဲ့ရကြောင်းနှင့် တစ်ခါတရံတွင်ဖွင့်နိုင်လိမ့်မည်ဟု ထင်ခဲ့သည့်တံခါးများသည် မျက်စိရှေ့မှာပင် ပိတ်ဆို့နေဆဲဖြစ်နေသည်ကို ကြုံတွေနေရသည်ဟုဦးဥာဏ်ဝင်းက ပြောကြားသည်။ 

`တစ်ခါတစ်ရံမှာလည်း သဘောတူထားတာထက် ပိုမိုများပြားနေတဲ့ ကန့်သတ်ချက်တွေ၊ပိတ်ဆို့မှုတွေကိုဖေါက်ထွက်ဖို့ အဆုတ်မနစ်ကြိုးပမ်းခဲ့ရပါတယ်။ လူမျိုးရေးအာဃာတနဲ့ဘာသာရေးအစွန်းရောက်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ တင်းမာမှုနယ်ပယ်တွေကို ခုခံရုန်းကန်ရင်းမိမိရဲ့အမျိုသားဂုဏ်သိက္ခာအမှတ်အသားသရုပ်နဲ့ အချုပ်အခြာအာဏာအတွက်ကာကွယ်ခဲ့ရပါတယ်` ဟု ၄င်းက ပြောကြားသည်။ 

ဆက်လက်ပြီး ဦးဥာဏ်ဝင်းက `ဘယ်လိုပဲဖြစ်ဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့သာ ငြိမ်းချမ်းရေးနဲ့လူသားတွေ ဆက်လက်ရှင်သန်ရေး ပြသာနာကို အခြေခံကျကျ ဆုံးခန်းတိုင် ဖြေရှင်းနိုင်ဖို့အတွက် အာမခံချက် ပေးနိုင်လိမ့်မယ်လို့ အလေးအနက်ယုံကြည်ပါတယ်` ဟု ဆိုသည်။ 

မိမိတို့အနေဖြင့် နိုင်ငံတော်၏ လက်ရှိအခြေအနေကို တည်တည်ငြိမ်ငြိမ်၊ က္ကနြေ္ဒရရ အကဲဖြတ်ရန်လိုသလိုအခြေခံအပြောင်းအလဲများနှင့် အသွင်ကူးပြောင်းမှုများအပေါ် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အင်အားနှင့်သတ္တိကို ပြည်သူနှင့် အတူ စုပေါင်းအင်အားဖြင့် ရှာဖွေကြရမည်ဟုလည်း ၄င်းက ပြောကြားသည်။ 

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာယနေ့သည် ပါတီတည် ထောင်ခြင်း နှစ် (၃၀) ပြည့်သည့်နေ့ ဖြစ်သည်။ 

အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment