Sunday, February 3, 2019

ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာ အနီး၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ် တစ်စီးအား မိုင်းခွဲဖျက်ဆီးခဲ့


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းကျေးရွာနှင့် ရသေ့တောင်သွား လမ်းမပေါ်၌ မော်တော်ယာဉ် တစ်စီးကို AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဖောက်ခွဲ၍ မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ရေဘုတ်ကျေးရွာ ၏အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးလောင်ပျက်စီးနေသော Light Truck အမျိုးအစား မော်တော် ယာဉ် တစ်စီးနှင့် မိုင်းပေါက်ကွဲ ထားသည့် အပိုင်းအစများကို တွေ့ရှိရသည်။ 
  
အဆိုပါ နေရာနှင့် လမ်းကြောင်း တစ်လျှောက်တွင် အပြစ်မဲ့ဒေသခံ ခရီးသွားပြည်သူများ ဘေးအန္တရာယ်မရှိစေရေးအတွက် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး လုပ်ငန်း များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(အကုန်သိ သတင်းဌာန

0 comments:

Post a Comment