Sunday, February 3, 2019

မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများ၌ မိုးရွာမည်


လေပွေလှိုင်းများနှင့် အထက်လေထု၏သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများ၌ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 
လာမည့်သုံးရက်မှ ငါးရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများတွင် မိုးအနည်းငယ်ရွာနိုင်ဖွယ်ရှိပြီး ကျန်ဒေသများတွင် ရာသီဥတုအခြေအနေသာယာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 


ထို့ပြင်မြန်မာနိုင်ငံအထက်ပိုင်းနှင့် မြောက်ပိုင်းဒေသ၏အမြင့်ပေ ၁၈၀၀၀ နှင့် အထက်လေထုအတွင်း အနောက်လေများ အားကောင်းနေသည့်အတွက် လေကြောင်းပျံသန်းမှုတွင် လိုအပ်သည့် လေကြောင်းမိုးလေဝသဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားမှုကို သတိပြုသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

The Voice 

0 comments:

Post a Comment