Sunday, February 3, 2019

ခြေ/ဥ ပြင်ဆင်နိုင်ရေး ကော်မတီဖွဲ့စည်းမည့် အရေးကြီးအဆို ကိုယ်စားလှယ် ၃၆ ဦးဆွေးနွေးမည်


၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းမည့် အရေးကြီးအဆိုအား ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦးမှ ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏လျာထားချက်အစီအစဉ်အရသိရသည်။ 
ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးအမတ်များမှလည်း လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုမရှိသည့်အတွက် ကန့်ကွက်သည့်ဘက်မှ ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ထို့အတူ၎င်းအဆိုအား တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များမှလည်း လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှု မရှိသည်အတွက် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ကန့်ကွက်စာတင်ထားကြောင်းသိရသည်။ 

အရေးကြီးအဆိုအား ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မကွေး တိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ပြင်ဆင်ရေးလုပ်ငန်းများကိုဆော လျင်စွာဆောင်ရွက်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်အားသင့်လျော်သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းနိုင်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ထိုသို့တင်သွင်းခဲ့မှုအပေါ် လုပ်ထံလုပ်နည်းနှင့်ကိုက် ညီမှုမရှိသည့်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်တို့မှ မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြသည်။ 


ယဉ်ကေနွယ်
#TheFifthWaveNews 


0 comments:

Post a Comment