Sunday, February 3, 2019

အီတလီတွင် မြစ်ရေလျှံမှုကြောင့် လူများကို ရဟတ်ယာဉ်ဖြင့် ကယ်တင်


အီတလီနိုင်ငံ မြောက်ပိုင်း ဘိုလိုညာမြို့အနီး ဖေဖော်ဝါရီ ၂ ရက်နေ့က ရေနိုမြစ်ရေ လျှံနေတာကြောင့် မီးသတ်ရဟတ်ယာဉ်နဲ့ လူတွေကို ကယ်ဆယ်ခဲ့ရပါတယ်။ 
လူ ၃ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို အဆိုပါ မီးသတ် ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ခဲ့တာပါ။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ ရေကြီးဒေသက လူတွေကို ဘေးလွတ်ရာပြောင်းရွှေ့နေတုန်း ရုတ်တရက် မြစ်ရေ မြင့်တက်လာလို့ ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ 

ရေနိုမြစ်ရေ လျှံမှုကြောင့် အနီးဝန်းကျင် ကာဆယ်မဂျော်ရီ နဲ့ အယ်ဂျေလာတို မြို့တွေမှာ အပျက်အစီးတွေဖြစ်ခဲ့ပါတယ်။ 

ဒီအတွက် မီးသတ်သမားတွေဟာ ရေယာဉ်ငယ်တွေနဲ့ မော်တော်ဘုတ်တွေ အသုံးပြုပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

DVB

0 comments:

Post a Comment