Sunday, February 3, 2019

အမေရိကန်တွင် နေအိမ်ပေါ် လေယာဉ် ပျက်ကျ၊ ၂ ဦး သေ


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရင့်ဂ်ျကောင်တီမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က နေအိမ်တလုံးပေါ်ကို လေယာဉ်ငယ် ၁ စီး ပျက်ကျခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကို ကိုးကားပြီး NBC သတင်းဌာနက အစီရင်ခံပါတယ်။ 
လေယာဉ်ပျက်ကျခဲ့တဲ့ ယော်ဘာ လင်ဒါ ဆင်ခြေဖုံးမြို့ရှိ နေအိမ်တလုံး ခေါင်မိုးအပေါက်ကနေ မီးခိုးတွေ ထွက်နေပုံကို ဝေဟင်ကနေ မြင်တွေ့ရပါတယ်။ 

အဆိုပါ လေယာဉ်ငယ်ဟာ နေအိမ်နောက်ဘက် ခြံဝင်းထဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးနဲ့ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေရဲ့ အခြေအနေကို မသိရသေးပါဘူး။ 

ဒါ့အပြင် လူ ၂ ဦးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

DVB

0 comments:

Post a Comment