Sunday, February 3, 2019

ရန်ကုန်ဆင်ခြေဖုံး (၆) မြို့နယ်တွင် ဆိုင်ကယ် စီးနင်းခွင့်ပြုရန် အဆို ပယ်ချခံရ

ရန်ကုန်ဆင်ခြေဖုံးဒေသများ ဖြစ်သော ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် မြို့နယ်များတွင် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် မော်တော်ဆိုင်ကယ် ကို စီးနင်းခွင့်ပြုပါရန် အဆိုမှာ ကန့်ကွက်သူများသဖြင့် ပြည်သူ့လွတ်တော် ပယ်ချလိုက်သည်။ 
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်က ဦးအေးနိုင်က “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် (၆) မြို့နယ်တွင် တိကျသည့် နယ်နိမိတ်သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလတစ်ခုအထိ ရည်ရွယ်၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ဦးအေးနိုင်တင်ပြသော အဆိုကို NLD ပါတီ ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးတို့က ဥပဒေ ကိစ္စရပ်အပါအဝင် တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြရမည့် ကိစ္စဖြစ်သည်ဟု ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။ 

ထို့်ကြောင့် အဆိုကို ဆက်လက်ဆွေးနွေးသင့်၊ မသင့် စက်ခလုပ်နှိပ် မဲခွဲရာ ထောက်ခံသူ ၅၀ ဦး၊ ကန့်ကွက်သူ ၂၆၅ ဦးနှင့် ကြားနေ ၃ ဦးဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးရန် မသင့်ကြောင်း လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

The Voice

0 comments:

Post a Comment