NLD ပါတီ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးသည် ပါတီသို့ နုတ်ထွက်စာတင်ထားသည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။
"နုတ်ထွက်စာတင်ထားတာပါခင်ဗျ။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို ဒုဥက္ကဌ- ၂ ( ဒေါက်တာဇော်မြင့်မောင်) ထံတင်ပြပြီး လမ်းညွှန်မှုခံယူထားတုန်းပဲရှိပါတယ်။ လောလောဆယ်ဒီလောက်ပဲပြောနိုင်ပါတယ်ခင်ဗျာ" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
နုတ်ထွက်စာတင်ထားသူ ဦးအောင်စိုးသည် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသူ တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ခဲအိုလည်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဇွန်လ၂၄ ရက်နေ့တွင် ရွေးချယ်ထားသည့် NlD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထဲမှ ဦးအောင်စိုးသည် ပထမဆုံးနုတ်ထွက်စာ တင်ခဲ့သူလည်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး NLD ပါတီ၏ ဥက္ကဌလည်းဖြစ် NLD ပါတီဗဟိုအလုပ်အမှုဆာင်တစ်ဦးလည်းဖြစ်သူ ဦးအောင်စိုးသည် ငြိမ်းချမ်းရေးကော်မရှင်၌ အဖွဲ့ဝွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။






0 comments:
Post a Comment