Wednesday, July 24, 2019

ကိုကိုနှစ်ယောက်လုပ်သည်ဟု ဗစ်တိုးရီးယားက ပြောဆိုကြောင်း မိခင်ဖြစ်သူထွက်ဆို

Image may contain: 1 person, car and outdoor
လိင်အကြမ်းဖက်ခံရသည့်ဗစ်တိုးရီးယားဖြစ်စဉ်တွင် ကိုကိုနှစ်ယောက်လုပ်သည်ဟု သမီးဖြစ်သူကမိမိထံပြောဆို ကြောင်း ဗစ်တိုးရီးယား၏ မိခင်က ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။

နေပြည်တော် ပုဂ္ဂလိကမူကြိုကျောင်းမှ အသက် (၂)နှစ် (၁၁)လအရွယ် မိန်းကလေးငယ်အပေါ် လိင်အကြမ်း ဖက်ခံရမှုနှင့်ပတ်သက်၍ ဒုတိယမြောက်ရုံးချိန်းကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ယနေ့နံနက် ၁၀ နာရီက စတင်စစ်ဆေးလျက်ရှိပြီး မွန်းလွဲ ၂ နာရီတွင် ခေတ္တရပ်နားကာ မွန်းလွဲ ၂ နာရီခွဲမှစတင်၍ ပြန်လည် စစ်ဆေးလျက်ရှိသည်။

ကိုကိုနှစ်ယောက်ဆိုသူတို့ကို သမီးက သိရှိကြောင်း၊ ဖြစ်စဉ်ကို ဆရာမနှင်းနုလည်း သိရှိပြီး ကိုကိုနှစ်ယောက်အား ဆူသည်ဟု သမီးကပြောဆိုကြောင်းကိုလည်း မိခင်ဖြစ်သူက ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ယခုဒုတိယအကြိမ်ရုံးချိန်းတွင် ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူအား အပြီးသတ်စစ်ဆေးသွားနိုင်ခြေရှိကြောင်း၊ စစ်ဆေးမှုမှာ ညနေ ၄ နာရီအထိရောက်ရှိနိုင်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ - နန္ဒာ

0 comments:

Post a Comment