
ဇာတ်ကားတွေပြန်လည်ရိုက်ကူးလာပြီဖြစ်တဲ့ သရုပ်ဆောင် မိုးဟေကို ကို သူမရဲ့ နုပျိုနေမှုကိုမေးတဲ့အခါမှာတော့... အဓိကတော့ စိတ်ကိုပိုပြီး အေးချမ်းအောင်နေတာပါ...မိုး အရမ်းစိတ်ပင်ပန်းစရာတွေကြုံလာတဲ့အခါ စိတ်တည်ငြိမ်အောင် တရားထိုင်တယ်...ယောဂဆော့တယ်...
ကိုယ့်ကျန်းမာရေးအတွက် အစားအသောက်ဆိုလည်းအဆီအစိမ့်တွေ၊အပူအစပ်တွေမစားဘူး...အဲ့လိုလေးပဲ နေဖြစ်တယ်...စိတ်ကိုအေးချမ်းအောင်နေပြီး ကျန်းမာရေးဂရုစိုက်ဖြစ်တာပါ.ပြီးတော့ အသားအရေကိုပိုထိန်းသိမ်းဖြစ်တယ်...မိတ်ကပ်တွေကို ပွဲတွေ၊ရိုက်ကူးရေးတွေရှိမှသာလိမ်းဖြစ်တာ အမြဲလုပ်ဖြစ်တာကတော့ Skin Care ပေါ့...တကယ်တော့ ကိုယ့်ရဲ့အစားအသောက်ပုံစံချိန်းလိုက်တာလည်း သိသာပါတယ်. .လို့ ပြောပါတယ်။
အနုပညာအလုပ်တွေဆက်တိုက်လုပ်သွားတော့မှာလားဆိုတဲ့အခါမှာတော့.... အရင်တည်းက မိုး က အနုပညာအလုပ်ကို တစ်ခါတည်းအများကြီးမလုပ်တတ်ဘူး...မိုး စိတ်သေချာနှစ်မြှပ်ပြီးမှ တစ်ခုဆိုတစ်ခုလုပ်တတ်တယ်...ကားရိုက်ဆိုလည်း ကိုယ်သေချာလုပ်နိုင်တဲ့ ပြင်ဆင်နိုင်တယ်ဆိုတဲ့ အချိန်မှာလုပ်ခဲ့တာဆိုတော့ ခုလည်းအဲ့လိုလေးပဲလုပ်သွားမှာပါ....လို့ သိရပါတယ်...။


ခင်ရတီ
Photo....Moe Hay Ko Facebook






0 comments:
Post a Comment