သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ဂျပန်နိုင်ငံက ဆန်တန်ချိန် ၃၀၀ ပေးပို့လှူဒါန်းလိုက်ပါတယ်။
ဂျပန်က လှူဒါန်းတဲ့ ဆန်တွေ ဩဂုတ် ၃ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဩဂုတ် ၉ ရက်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံသို့ ရောက်ရှိလာတယ်လို့ အစိုးရက ပြန်ကြားရေးက သတင်းအရသိရပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံနဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ+၃ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ထိခိုက်နစ်နာတဲ့ ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့ ဆက်သွယ်လျှောက်ထားခဲ့ရာ အခုနှစ် ဂျပန်နိုင်ငံက ဆန်တန်ချိန် ၃၀၀ နဲ့ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၅၀၀ တို့ကို အရန်ဆန်အဖြစ် ရရှိခဲ့တာလို့ ဆိုပါတယ်။
ကိုရီးယားက ရရှိတဲ့ ဆန်တန်ချိန် ၅၀၀ ကိုတော့ ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်မှာ သိုလှောင်ထားတယ်လို့သိရပါတယ်။
လတ်တလော မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတဝန်း ရေဘေးကြောင့် လူပေါင်း ၅၀၀၀၀ ကျော် သဘာဝဘေးနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။






0 comments:
Post a Comment