မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ၌ တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၅၃ ဦးအထိရှိလာပြီး တောင်ပြိုကျ သည့်နေရာတွင် လုံခြုံရေးကို ယခင်နေ့များထက် တင်းကျပ်ထားကြောင်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် သဲဖြူကုန်းကျေးရွာရှိ ပေ ၃၀၀ ခန့်အမြင့်ရှိသော မလတ်တောင်မြေသည် သြဂုတ် ၉ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် ပြိုကျပြီး လူနေအိမ်များ၊ ဘုန်းကြီး ကျောင်း၊ ကုန်တင်ယာဉ်၊ ခရီး သည်တင်မှန်လုံယာဉ်နှင့် အိမ်စီးကားများအပေါ်ဖုံးလွှမ်းခဲ့ကာ လူအများအပြား နစ်မြုပ်ပျောက်ဆုံးခဲ့သည်။
ပျောက်ဆုံးနေသူများကို ရှာ ဖွေမှု သုံးရက်မြောက်ဖြစ်သည့် သြဂုတ် ၁၁ ရက် ညနေ ၇ နာရီထိ ရရှိသော စာရင်းအရ သံဃာတစ်ပါးအပါအဝင် ရုပ်အလောင်း ၅၂ လောင်း ရှာဖွေတွေ့ရှိထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇင်မင်းကိုက ပြောသည်။
ထို့ကြောင့် သြဂုတ် ၁၁ရက် တွင် ရုပ်အလောင်း ၁၂ လောင်း ထပ်မံ တွေ့ရှိခဲ့ပြီး နေ့ခင်းပိုင်း၌ ၁၀ လောင်း ရှာတွေ့ကာ ညနေ ၆နာရီ ၁၃ မိနစ်တွင် တစ်လောင်းနှင့် ည ၇ နာရီ မိနစ် ၂၀ တွင် ရုပ်အလောင်းတစ်လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတင်းကျပ်ထား ခြင်းနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ‘‘မနေ့တုန်းက လူတွေက လာကြည့်ကြတယ်။ ရွာတွေအလိုက် လာကြည့်တော့ လူပေါင်း ၄၀၀၊ ၅၀၀ မကဘူး။ အလုပ်လုပ်နေတဲ့ လူတွေက အနှောင့်အယှက်လည်း ဖြစ်တယ်။ အန္တရာယ်လည်း ရှိလာ နိုင်တယ်။ မိုးက ရှိတဲ့အတွက် တောင်က ထပ်ပြိုနိုင်ခြေရှိတယ်။ ဒီကန့်သတ်ထားတဲ့ နေရာတွေကို ပေးမ၀င်တော့ဘူး။ သေဆုံးသွား တဲ့ မိသားစုဝင်တွေမှာ ပစ္စည်း တွေရှိတော့ ပစ္စည်းတွေကို လာရှာ ဖွေတာ ရှိတယ်။ အဲဒါကြောင့် အလုပ်လုပ်နေတဲ့အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွဲလို့ ကျန်တဲ့လူကို အ၀င်မခံတဲ့ သဘောပါ’’ ဟု ပြောသည်။
ပျောက်ဆုံးနေသူများအ နက် ကျန်ရှိနေသည့် အရေအ တွက်ကို ခန့်မှန်းမရသေးသဖြင့် ရုပ်အလောင်းများလည်း နောက် ထပ် တွေ့နိုင်သေးကြောင်း၊ ကန့်သတ်နေရာများကို အန္တရာယ်ရှိ ဇုန်အနေဖြင့် ယာယီသတ်မှတ် ထားကြောင်း ၎င်းက ဆိုသည်။
တောင်ပြိုမှု ဖြစ်ပွားသည့် နေရာကို ယာဉ်ယန္တရားအလုံအ လောက်နှင့် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ကယ်ဆယ် ရေးများ ဆက်လက်ဆောင်ရွက် နေပြီး လူအင်အားများလည်း ယခင်နေ့ထက် ပိုများကြောင်း၊ အင်အား ၅၄၀ ကျော်ရှိကြောင်း မိကွန်ချမ်းက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန် တိုင်းမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေ ကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင် များက ခေတ်မီရှာဖွေရေးကရိယာများ အသုံးပြုရှာဖွေနေကြ သည်။
လွတ်မြောက်ခဲ့သူများကို စိတ် ကျန်းမာရေးအထူးကုဆရာဝန် များက ကုသပေး
ထို့အပြင် တောင်မြေပြိုမှုဖြစ်စဉ်တွင် အသက်ရှင်လွတ် မြောက်လာသူများနှင့် မိသားစုဝင် များကို ရန်ကုန်ဆေးရုံကြီးမှ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များနှင့် စောင့်ကြည့် ကုသပေးနေ သည်ဟု ၎င်းက ပြောသည်။ ဆေးရုံတက်နေသူ ၄၇ ဦးရှိပြီး အချို့စိတ်ပိုင်းဆိုင်ရာ ပြဿနာများရင် ဆိုင်နေရကာ စိတ်ကျန်းမာရေး ဆရာဝန်များက စောင့်ကြည့်ကုသ ပေးနေသည်ကို တွေ့ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
နွားတစ်ကောင် အသက်ရှင်လျက်တွေ့
အခင်းဖြစ်ပြီး နောက်တစ် ရက် သြဂုတ် ၁၀ရက် ည ၈နာရီခွဲ တွင် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူများက နွားတစ်ကောင်ကို အသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့သည်။
ကားများ လမ်းလွှဲမှ မောင်းနှင်
သြဂုတ် ၁၁ရက်တွင် မော် လမြိုင်ဘက်မှလာသည့်ကားများ ကို မုတ္တမကျွဲခြံလမ်းဘက်တွင် လမ်းလွှဲမှ မောင်းနှင်ခွင့်ပြုခဲ့ပြီး ထိုလမ်းလွှဲသည် ပုံမှန်ထက် နာရီ ၀က်ကြာမြင့်စွာမောင်းနှင်ရသ ဖြင့် အရေးကြီးသည့် ကားများကို သာ ပုံမှန်လမ်းအတိုင်းမောင်းခွင့် ပြုကြောင်း မြေပြိုသည့်နေရာတွင် တာဝန်ကျသူများကပြောသည်။






0 comments:
Post a Comment