Tuesday, June 2, 2020

သမ္မတ ထရမ့်မှ ဝါရှင်တန်ဒီစီတွင် ငြိမ်ဝပ်ပိပြားရေးပြန်လည်တည်ဆောက်ရန် အမေရိကန်စစ်ဖက်အား ချထားလျှက်ရှိကြောင်းနှင့် ပြည်နယ်အစိုးရတို့က ပျက်ကွက်နေလျှင် စွက်ဖက်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြား၊ ဂျော့ဖလွိုက်သေဆုံးရခြင်းဆေးစာအသစ် ထွက်ပေါ်လာပြန်

အမေရိကန်အစိုးရ ရုံးစိုက်ရာ မြို့တော် ဝါရှင်တန်ဒီစီတွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကို ရပ်တန့်ရန် စစ်တပ်ကို ဖြန့်ချထားခဲ့ပြီးဖြစ်ကြောင်း ရက်ဆက်တိုက်ဖြစ်လာသော ငြိမ်ဝပ်ပိပြားရေး ပြန်လည်ထူထောင်ရန် ဒေသန္တရအာဏာပိုင်များ၏ ပျက်ကွက်သည့်နေရာတိုင်းတွင် ဝင်ရောက်စွက်ဖက်မည်ဖြစ်ကြောင်း အမေရိကန်ပြည်သူများသို့ သမ္မတဒေါ်နယ်ထရမ့်က မထင်မှတ်ပဲ မိန့်ခွန်းပြောကြားသည်ဟု Russia Today က ယနေ့ရေးသားသည်။
လွန်ခဲ့သည့်ရက်သတ္တပတ် တနင်္လာနေ့ မင်နီဆိုတာပြည်နယ် မင်နီယာပိုလိစ်မြို့တွင် လူဖြူရဲအရာရှိလက်ချက် ဖြင့် အာဖရိကန်-အမေရိကန်နိုင်ငံသား ဂျော့ဖလွိုက်သေဆုံးပြီးနောက် တနင်္လာနေ့ညနေ အိမ်ဖြူတော် နှင်းဆီဥယျာဉ်၌ ကျင်းပပြုလုပ်သော အခန်းအနားတွင် သမ္မတထရမ့်အား ပြန်လည်တွေ့မြင်ရသည်။
အမေရိကန် နိုင်ငံတော်ကြီးတွင် “ မှန်ကန်လေးနက်သည့် ငြိမ်းချမ်းစွာ ကန့်ကွက်ကြရာ၌ ” ပရော်ဖက်ရှင်နယ် မင်းမဲ့ဝါဒီများနှင့် ဆူပူသောင်းကျန်းသူများ” ၏ ပြည်တွင်းဖြစ် အကြမ်းဖက်မှု”က ဖုံးလွှမ်းလျှက်ရှိနေသည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ရက်စက်ကြမ်းကြုတ်သောနည်းလမ်းဖြင့် ဖလွိုက် သေဆုံးရခြင်းအတွက် နိုင်ငံအားလုံးတွင် ဒေါသထွက်ခဲ့ကြရကြောင်း၊ သို့သော် ကန့်ကွက်ဆန္ဒပြမှုများမှာ အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်သူများသည် ဝါရှင်တန်ဒီစီ တစ်မြို့တည်း၌ပင် လင်ကွန်းအောက်မေ့ဖွယ်ရာနှင့် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်အဆောက်အအုံကို ဖျက်ဆီး၍ အိမ်ဖြူတော်အနီးရှိ သမိုင်းဝင်ဘုရားရှိခိုးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတို့မှာ ငြိမ်းချမ်းစွာဆန္ဒပြသည့် လုပ်ရပ်များမဟုတ်ပဲ၊ ပြည်တွင်းအကြမ်းဖက်မှုများသာဖြစ်ကြောင်း၊
"အဓိကရုဏ်းများနှင့် ဥပဒေမဲ့လုပ်ရပ်များ" ကို အဆုံးသတ်ရန် သံဓိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ကြောင်း၊ ဝါရှင်တန် ဒီစီ၏လမ်းများပေါ်တွင်“ ဆူပူအကြမ်းဖက်မှုများ၊ လုယက်ခြင်း၊ ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းနှင့် သူတစ်ပါး၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းတို့အား ရပ်တန့်ရန်”လက်နက်အပြည့်အစုံကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအသီးသီးတို့ကလည်း လမ်းပေါ်အဓိကရုန်းများရပ်တန့်ရေးအတွက် လုံလောက်သော အမျိုးသားစောင့်ရှောက်ကာကွယ်ရေးတပ်ဖွဲ့အင်အားကို ဖြန့်ချကြရန် လေးလေးနက်နက် အကြံပြုပါကြောင်း၊
အကယ်၍ ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်နေပါလျှင် မိမိအနေဖြင့် စစ်တပ်အားစေလွှတ်၍ ပြဿနာအား အမြန်ဆုံးဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း၊ ထို့ပြင် “ အင်တီဖာနှင့် အခြားသူများ “ ဟု ရည်ညွှန်းခဲ့သည့် အကြမ်းဖက်ရေးစီစဉ်စည်းရုံးသူများသည် ထောင်ဒါဏ်အပါအဝင် ပြင်းထန်သောရာဇဝတ်ပြစ်ဒါဏ်ချမှတ်ခြင်းကို ရင်ဆိုင်ကြရလိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အမေရိကန်သမ္မတမိန့်ခွန်းအစီအစဉ်မစတင်မီ အိမ်ဖြူတော်အနီး၌ ပေါက်ကွဲသံကြီးများကို ကြားကြရပြီး၊ အိမ်ဖြူ တော်အပြင်ဘက်တွင် နေရာယူထားသည့် မျက်နှာဖုံးစွပ် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်တို့က လျှပ်လက် အသံဗုံးနှင့် မျက်ရည်ယိုဓါတ်ငွေ့တို့ကို အသုံးပြုကာ လူစုခွဲလျှက်ရှိပုံကို ရုပ်သံများက ပြသဿည်
သမ္မတဒေါ်နယ်ရမ့်က မငြိမ်သက်မှုများအား ထိရောက်သောအင်အားသုံး၍ ဖြိုခွင်းမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခြင်းနှင့် မရှေးမနှောင်းမှာပင် အမျိုးသားကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်များက ဝါရှင်တန်ဒီစီမြို့ပေါ်၌ ဆူပူသူလူစုလူဝေးများအား မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့အသုံးပြုလျှက် လူစုခွဲလျှက်ရှိပြီး ဖျက်ဆီးသူများ၊ ဝင်ရောက်လုယက်သူများအား ပိုက်စိတ်တိုက်ဖမ်းဆီးလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်သည်။
RT ၏ အခြားသတင်းတစ်ပုဒ်တွင်မူ သေဆုံးသူများရင်ခွဲစစ်ဆေးရေး လွတ်လပ်သောပညာရှင်များအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သေဆုံးသူ လူမည်းအမျိုးသားဂျော့ဖလွိုက်သည် မီသာအင်ဖီတာမင်းမူးယစ်ဆေး လတ်တစ်လော သုံးစွဲထားခြင်းကြောင့် ဖင်တီနိုင်းအဆိပ်သင့်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သွေးလွှတ်ကြောကျဉ်းခြင်းနှင့် နှလုံးသွေးဖိအားလွန်ခြင်းဖြစ်ပွားလျှက် အခြေအနေတွေ့ရှိရကြောင်း၊ သေဆုံးရခြင်းအကြောင်းများစွာရှိနေသော်လည်း ဂျော့ဖလွိုက်အား ဖမ်းဆီးစဉ် မြေပေါ်တွင်လှဲစေ၍ ရဲတပ်ဖွဲ့ဝင်က လည်တိုင်အား ဒူးဖြင့်ဖိထားခြင်းကြောင့် ‘cardiopulmonary arrest,’ ခေါ် နှလုံးနှင့် အသက်ရှူလမ်းကြောင်းကို ပျက်စီ ခြင်းမှာ အဓိကဖြစ်ကြောင်း၊ ထို့ကြောင့် ဂျော့ဖလွိုက်သည်“ လူသတ်မှု “ တွင်သေဆုံးရခြင်းဖြစ်ကြောင်း တနင်္လာနေ့ ညနေတွင် သတင်းထုတ်ပြန်သည်ဟု ယနေ့ ဖော်ပြသည်။
ယခင်က ဂျော့ဖလွိုက်အား ရင်ခွဲစစ်ဆေးခဲ့သည့် ကနဦး ဆေးစာတွင် “traumatic asphyxia “ ခေါ် အသက်ရှူ မဝစေသော ထိခိုက်ဒါဏ်ရာနှင့် သွေးကြော-လေပြွန်ပိတ်ဆို့ခြင်း မတွေ့ရကြောင်း၊ သို့သော် ဂျော့ဖလွိုက် သေဆုံးရခြင်းတွင် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများစွာရှိကြောင်း ဖော်ပြထားခဲ့သည်။
မြေပေါ်တွင် လက်ထိပ်ခတ်ခံရသည့်အနေအထားဖြင့် မှောက်လျှက်လဲနေသော လူမည်းဂျော့ဖလွိုက်၏ လည်တိုင်အား လူဖြူရဲအရာရှိ ဒဲရစ်ချောဝမ်က ကိုယ်အလေးချိန်သုံးလျှက် ဒူးဖြင့် ဖိထားမိခဲ့သည်။
“ ငါ အသက်ရှူလို့ မရတော့ဖူး၊ ကျေးဇူးပြုပြီး လွှတ်ပါ “ဟု အော်ဟစ်တောင်းပန်နေသော ဂျော့ဖလွိုက်၏ ရုပ်သံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခြင်းဖြင့် မင်နီယာပိုလိစ်မြို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရပြီး နောက်ပိုင်းတွင် အမေရိကန် အမေရိကန်တစ်လွှား မြို့ကြီးပေါင်း ၇၅-မြို့ထက်မနည်းသို့ ကူးစက်လျှက် အကြမ်းဖက်အဓိကရုန်းများအသွင်ပြောင်းလဲခဲ့သည်။
Source : Russia Today., 1 Jun, 2020,
“Trump deploys US military to restore order in Washington, DC & says he'll do the same EVERYWHERE if local govts fail”
Crd : HtayOung / OungMarine

0 comments:

Post a Comment