ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် လူဝင်မူ့ ကြီးကြပ်ရေးအချုပ်ခန်းမှ လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၀၈ ဦး ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ကို ထပ်မံရောက်ရှိလာခဲ့သည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အမျိုးသား(၉၂)ဦး၊ ကျား ကလေး (၂)ဦး၊ အမျိုးသမီး (၁၄)ဦး၊ စုစုပေါင်း(၁၀၈)ဦးတို့ကို Foundation for Education and Development-ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရုံးမှ တာဝန်ရှိသူများက ကူညီမှု ရောက်ရှိလာခဲ့သည်။
FED အနေနှင့် ဒေသခံ မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
Crd : Myeik Online #Myanmar_Online_News
0 comments:
Post a Comment