Monday, June 29, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Arguments and Facts သတင်းဌာန နှင့် ZVEZDA သတင်းဌာန တို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြားသော အင်တာဗျူးအပြည့်အစုံ (အပိုင်း-၃)

သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီလက်ရှိ ယခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် သတင်းအနေနဲ့ဆိုရင် စိတ်အဝင်စားဆုံးကတော့ ကျွန်တော်တို့ ဒီမကြာမီမှာ လာမယ့် ရွေးကောက်ပွဲတွေဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီးဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီပြည်သူရဲ့ အားပေးထောက်ခံမှုကို ရထားတဲ့အနောက်မှာ နိုင်ငံရဲ့အကြီးအကဲထဲက တစ်ယောက်ဖြစ်တဲ့ အတွက် ဒီနိုင်ငံရေးအပြောင်းအလဲ ဒီရွေးကောက်ပွဲကာလမှာအဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်အခန်း ကဏ္ဍက နေပါလာနိုင်တယ်ဆိုတာလေးတွေ သိရှိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရွေးကောက်ပွဲဆိုတာကတော့ အခြေခံဥပဒေနဲ့အညီလုပ်တယ်လို့ ပြောရမှာပေါ့။ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်တာပေါ့။ အခြေခံဥပဒေတွေ ထဲက ပြဋ္ဌာန်းချက်တွေထဲမှာ ဘာတွေပါလဲဆိုတော့ လွှတ်တော်ကို ဘယ်လိုဖွဲ့မလဲ၊ ပြည်သူ့ လွှတ်တော် ဘယ်လိုဖွဲ့လဲ၊ အမျိုးသားလွှတ်တော်ဘယ်လိုဖွဲ့လဲ၊ ပြည်ထောင်စုလွှတ်တော် ဘယ်လိုဖွဲ့လဲ၊ သမ္မတကို ဘယ်လို ရွေးချယ်ခန့်ထားရလဲ၊ အဲ့မှာတော့ အသေးစိတ် ပါတာပေါ့။ အဓိကကတော့ ဒီရွေးကောက်ပွဲ Process တွေ နောက်တစ်ချက် မှန်မှန်ကန်ကန်နဲ့ တည်တည် ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့က အရေးအကြီးဆုံးပဲ၊ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲ့တော့ ဒီရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှမျှတတရွေးကောက်ပွဲ ဖြစ်ဖို့က နံပါတ် ၁ အရေးကြီးဆုံး၊ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ တစ်ခါလုပ်ခဲ့တယ်။၂ဝ၁၅ ခုနှစ် မှာ ရွေးကောက်ပွဲတစ်ခါလုပ်ခဲ့တယ်။ အဲ့ချိန်မှာ တပ်မတော်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူဆောင် ရွက်ပေးခဲ့တယ်။ ကူညီပေးခဲ့တယ်။ ပူးပေါင်း ဆောင်ရွက် ပေးခဲ့တယ်။ ဒီလိုပဲ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း ဒီလိုဖြစ်အောင်ဆောင် ရွက်ရမယ့် တာဝန် ကတော့ နံပါတ် ၁ ဦးစားပေး လုပ်ငန်းဖြစ်တယ်။ အဲ့ဒါယုံကြည်စိတ်ချရမှု ရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ လည်း နိုင်ငံရေးကို ဘယ်လိုဝင်ပြီးတော့မှ ပါဝင်ရမယ် ဆိုတာစဉ်းစားဖို့ဖြစ်လာတာပေါ့။ အရေးကြီး တာကတော့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော် တို့က အောင်မြင်အောင်လုပ်ပေးပါ့မယ်။ ရွေးကောက် ပွဲရလဒ် ထွက်ပေါ်လာတဲ့ အချိန်ကျမှ သက်ဆိုင်ရာ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီမှာ အမျိုးမျိုး ဆန္ဒပြုခဲ့ ကြတယ်။
ပြည်သူတွေရဲ့ ဆန္ဒတွေရှိတယ်။ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်။ ဒါပေမဲ့ တစ်ခု တော့ ရှိတာပေါ့။ ဖြည့် ပြောချင်တာကဘာလဲ ဆိုတော့ ကျွန်တော်က တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးက စပြီးတော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိတယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အတွေ့ အကြုံ၊ စောစောကပြောတဲ့ ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထိ ကျွန်တော်မီတယ်။ တပ်မတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ၊ နောက်အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက် ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလအ တွင်းမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ၊ ကျွန်တော် ဘာကူ ညီပေး ရမလဲ၊ ဘာလုပ်ပေးရမလဲ၊ တိုင်းပြည်အတွက် ဘယ်လိုလုပ်ပေးရမလဲ၊ အချို့ဟာတွေမှာ ကျွန်တော် တိုက်ရိုက် တာဝန်ရှိတဲ့ဟာတွေလုပ် သလိုပဲ အချို့ဟာတွေမှာ တိုက်ရိုက်တာဝန်မရှိဘူး။ ကျွန်တော် လုပ်နေတဲ့ ကိစ္စတွေမှာ ဒါပေမဲ့ တိုင်းပြည်အတွက်လုပ်ပေးမယ်။ ဒီလို စိတ်ကတော့ ကျွန်တော်အသက်ထက်ဆုံး ရှိနေဦးမှာပါလို့ ပြောလိုပါတယ်။
သတင်းဌာနမှမေး ။ ကျွန်တော်တို့အနေနဲ့ ဒီ ၂ဝ၁၅ခုနှစ်မှာ မော်စကိုမှာပဲ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဦးစီးပြီးတော့ ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခု တည်ထောင် ဖွဲ့စည်းနိုင် ခဲ့တယ်လို့ သိရှိထားရပါတယ်။ ဒါကလည်း ဒီမော်စကိုမြို့မှာ နေထိုင်တဲ့ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တွေ အတွက် အရမ်းကို အားကိုး အားထားပြု ရတဲ့ နေရာဖြစ်သလို တကယ့် အောင်မြင်မှုကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
အခုလက်ရှိမှာ ဗုဒ္ဓဘာသာစင်တာအနေနဲ့ ဘယ်လိုအောင်မြင်မှုတွေရှိပြီးတော့ ဘယ်လို အစီအစဉ်တွေရှိတယ် ဆိုတာ ကို နည်းနည်း ပြောပြလို့ရမလားခင်ဗျား။
ဗိုလ်ချုပ်မှူးကြီး။ ဒီဗုဒ္ဓဘာသာက ကမ္ဘာ မှာလည်း အစောဆုံးပေါ်ခဲ့တဲ့ ဘာသာရေး အယူအဆတစ်ခု၊ အယူဝါဒ တစ်ခု ပါ။ ဗုဒ္ဓရဲ့ အဆုံးအမတွေကအင်မတန်ကောင်းပါတယ်။ အခြားဘာသာတွေမှာ သူ့အဆုံးအမနဲ့သူရှိ ပါတယ်။ အဲ့တော့ဒါကတော့ မေတ္တာတရား ပေါ့၊ အခုထိသွားတာပေါ့၊ အဲ့တော့ ဒီမှာလည်း ရုရှားမှာလည်း ဗုဒ္ဓဘာသာကိုအခြေခံခဲ့တဲ့ အကြောင်းတရားတွေရှိခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်။ အဲ့တော့ ဒီအခြေခံ လိုက်တဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်လုပ်ဆောင် ခွင့်ရခြင်းဟာ ပိုပြီးတော့ကောင်းပါတယ်။ သူ ယုံကြည် ရာ၊ ယုံကြည်ရာနဲ့ လုပ်ကြတာပေါ့၊ ဒါကြောင့်လည်း ကျွန်တော်က ဒီမှာထေရ ဝါဒဗုဒ္ဓဘာသာ ကျောင်းလေး တစ်ခုဖြစ်အောင် ကြိုးစားခဲ့တာရှိပါတယ်။ အခုလည်း ကျွန်တော် အောင်မြင်နေပါတယ်။ မကြာခင်မှာလည်း ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့ သိမ်တစ်ခု ဆောက်နေပါတယ်။ ဆောက်ဖို့အတွက်စီစဉ် နေတာပါ၊ အလားတူပဲ ယဉ်ကျေးမှုစင်တာမှာလည်း ဗုဒ္ဓနဲ့ပတ်သက်တဲ့ရွှေစည်းခုံစေတီတော် ပုံတူပုံစံတစ်ခု ကျွန်တော်တို့ သီတဂူ ဆရာတော် ဘုရားကြီးဦးဆောင်မှုနဲ့ တည်နေတာရှိပါတယ်။ ဒါလည်း ပြီးသလောက်ဖြစ်နေပါပြီ၊ မကြာခင် မှာလည်း ကျွန်တော်တို့ ဒါကို ဖွင့်ပွဲ လေးလုပ်ဖို့လည်းရှိပါတယ်။ ရုရှားနိုင်ငံမှာ ဗုဒ္ဓ ဘာသာနဲ့ ပတ်သက် ပြီးတော့ တကယ်လို့များ စိတ်ဝင်စားတယ်၊ ယုံကြည်မှုရှိတယ်ဆိုလို့ရှိ ရင် သူတို့အတွက် ရုရှားနိုင်ငံသူ၊ နိုင်ငံသား များအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှားနိုင်ငံကို မကြာခဏ အလည် အပတ်ခရီးတွေ၊ ဒီလုပ်ငန်း ဆိုင်ရာခရီးစဉ်တွေ လာရောက်တာကိုသိရှိရပါတယ်၊ အခုလို လာရောက်တဲ့အချိန်မှာ ရုရှားနိုင်ငံရဲ့ ပြောင်းလဲမှုအပေါ် ဘယ်လိုအမြင် ရှိပါသလဲနဲ့ နောက်ထပ်တစ်ကြိမ်ဘယ်တော့ လာမှာလဲဆိုတာ လေး သိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားကတော့ ကျွန်တော် ဒီအကြိမ်လာတာ ၆ ကြိမ်မြောက် လာခြင်း ဖြစ်တယ်၊ ရုရှားနိုင်ငံက ပြော ရရင် သမိုင်းမှာလည်း အများကြီးရှည်လျားတဲ့သမိုင်းကြောင်း ရှိတယ် ဘုရင်နိုင်ငံလည်းဖြစ်တယ်၊ အဲ့ဒီက နေပြီး တော့မှ ဆိုဗီယက်ဆိုရှယ်လစ် ဆိုဗီယက် နိုင်ငံတစ်ခုလည်းရှိတယ်၊ ဒီဘက်မှာတော့ ရုရှားဖက်ဒရေးရှင်း အနေနဲ့ ရှိတာပေါ့၊ ရုရှား နိုင်ငံရေးပြောင်းလဲမှုတွေမှာ ရုရှားပြည်သူတွေ အတွက် ခေတ်အလိုက်ခေါင်းဆောင်တွေ ကြိုးစား အားထုတ်မှုတွေကြောင့် ရုရှားနိုင်ငံ ခေတ်မီတိုးတက်လာတာတွေ ငြင်းလို့မရပါဘူး။
လက်ရှိမှာလည်း ကမ္ဘာမှာ ခေတ်မီနည်းပညာ တွေရှိတဲ့ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်၊ ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ် တယ်၊ သူ့နိုင်ငံနဲ့သူပဲ တခြားနိုင်ငံကောင်းတာတွေရှိသလို ရုရှားနိုင်ငံရဲ့အားသာချက်တွေအများကြီးရှိတယ်၊ ဒါတွေက ကျွန်တော်တို့အတွက် အများကြီး အထောက်အကူရတယ်၊ ကျွန်တော်တို့ဒါတွေ ကြည့်ပြီးတော့မှ ငါတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်က ဒီလိုစဉ်းစား တာပေါ့။ ရုရှားနိုင်ငံလာတဲ့အချိန်မှာ ငါ့တိုင်းပြည်အတွက် ဘယ်လိုလုပ်ရင်ကောင်း မလဲဆိုတဲ့ဟာကို အဲ့လိုမျိုးဆိုရင်တော့ ကိုယ် လိုချင်တိုင်းရတာ မဟုတ်ဘူး၊ အချို့က သင်ယူ ရတယ်၊ အချို့ဟာတွေ ပူးပေါင်းဆောင်ရွက် ရတာရှိတယ်။ အချို့ကျတော့ လာရောက်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ ခင်ဗျားတို့လာပါဆို ပြီးတော့ ဖိတ်ခေါ်တာရှိတယ်။ ဒီလိုနဲ့တိုင်းပြည် တိုးတက်အောင် လုပ်ရတယ်၊ သင်ယူရတဲ့ အပိုင်းဆိုရင် ကျွန်တော်တို့ဆီမှာ တပ်မတော် က အရာရှိတွေ အများကြီးပဲ ရုရှားမှာပညာ သင်ခိုင်းတယ်၊ သိပ္ပံပညာသင်ခိုင်းတယ်၊
နည်းပညာ ဒီမှာလာသင်ခိုင်းတယ်၊ စစ်ပညာ သင်ခိုင်းတယ်၊ အများကြီးရှိတယ်၊ ကျွန်တော် တို့ ရုရှားမှာ ရုရှား ပညာတော်သင် လွှတ်ထားပါတယ်၊ အဲ့ဒီလူတွေ မြန်မာနိုင်ငံမှာအများကြီး တာဝန်ထမ်းဆောင်နေတာရှိပါတယ်၊ အဓိက ကောင်းတဲ့ဟာတွေ ကိုယ်နဲ့မျက်စိမြင်တာရှိတယ်၊ သူတို့ ယူခဲ့တာတွေရှိတယ်၊ သူတို့က တိုင်းပြည် အတွက် တိုးတက်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့လုပ်ကြတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အများကြီး အထောက် အကူရတာပေါ့၊ ဒါကြောင့် ရုရှားနိုင်ငံဟာ ကျွန်တော့်အတွက် ယူလို့ရတဲ့အရာတွေ၊ အများကြီးရှိတယ် လို့ပြော လိုပါတယ်၊ နောက် တစ်ခါလာဖို့ကတော့ အခါအခွင့်သင့်ရင်ကျွန်တော်ခဏခဏ ရောက်မှာလို့ ကျွန်တော် ပြောလိုပါတယ်၊ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့တိုင်းပြည်တစ်ခုပါ။
သတင်းဌာနမှပြောကြား ။ ကျွန်တော်တို့အနေနဲ့ခုလို ဆွေးနွေးခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်၊ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ အဆွေတော်ဗိုလ်ချုပ်မှူးကြီးကို ယခု လက်ရှိ တာဝန် ထမ်းဆောင်နေစဉ်မှာလည်း အောင်မြင်မှုတွေအများကြီးရရှိပါစေကြောင်းနဲ့ ကျွန်တော်တို့ ဒီလာမယ့် ရွေးကောက်ပွဲ ကာလမှာလည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သလိုပဲ ဒီတပ်မတော်ရဲ့ အင်အားနဲ့ ဒီ မှန်ကန်တဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ပါစေကြောင်း ကျွန်တော် ဆုတောင်းပေးပါတယ်။ မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်ပါ အရေးကြီး နေတဲ့ရွေးကောက်ပွဲအတွက် ကျွန်တော် ဗိုလ်ချုပ်မှူးကြီးကို အများကြီး အားကိုးပါတယ်။
ကျန်အပိုင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment