Monday, June 29, 2020

ရုရှားVictory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ သွားရောက်တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ကိုယ်စားလှယ်အဖွဲ့အား COVID-19 ရောဂါပိုးစစ်ဆေးရာ မတွေ့ရှိကြောင်း သိရ

ရုရှားVictory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်ကို ပြန်လည်ရောက်ရှိတဲ့နောက် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နေထိုင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။
"ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်နေပါတယ်။ ကျွန်တော်တို့ မသွားခင်ကလည်း ဆေးစစ်ခဲ့ရတယ်။ ပြန်လာတဲ့အချိန်မှာလည်း အဖွဲ့ဝင်တွေအားလုံးကို ဆေးစစ်ပြီးဖြစ်တယ်။ သူ့ရဲ့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေအရ သူက ဆေးထပ်စစ်ရမယ့်အချိန်တို့၊ နေထိုင်ရမယ့် အချိန်တို့ရှိပြီးသားဖြစ်ပါတယ်။ အဲဒီတိုင်းပဲ ကျွန်တော်တို့ နေထိုင်လျက်ရှိပါတယ်" လို့ သူက ပြောပါတယ်။
ဆေးစစ်တဲ့အခါမှာလည်း တပ်ချုပ်နဲ့ကိုယ်စားလှယ်တစ်ဖွဲ့လုံးမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရှိရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရုရှနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ ၇၅ နှစ်မြောက် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့သူတွေအထဲမှာ ဆားဘီးယား ကာကွယ်ရေးဝန်ကြီးလည်း ပါဝင်ပြီး သူ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတယ်လို့ ဆားဘီးယားအစိုးရက သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီဆာဘီးယားကာကွယ်ရေးဝန်ကြီးနဲ့ ထိတွေ့တာ၊ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့သလို တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တဲ့အစည်းအဝေးတွေကိုလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"ဆားဘီးယားဝန်ကြီးနဲ့တွေ့ဆုံမှုမရှိပါဘူး။ ကျွန်တော်တို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံတာ ရုရှ ဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီးရယ်နဲ့ပဲ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
ကိုဗစ်-၁၉ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပြန်ရောက်ရောက်ချင်း တစ်ကြိမ်စစ်ပြီးတဲ့နောက် သုံးရက်ကြာရင် နောက်တစ်ကြိမ်ထပ်စစ်တာ၊ သုံးရက်နဲ့ ငါးရက်ကြားတစ်ကြိမ် စစ်တာမျိုးတွေလည်းရှိပြီး မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနသတ်မှတ်ထားတဲ့ ၂၁ ရက်ကြာရင် ပြန်စစ်တာမျိုး ရှိတဲ့အတွက် ထပ်မံဆေးစစ်တာမျိုး ရှိကောင်းရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ခရီးစဉ်အတွင်း ရုရှနဲ့နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးခဲ့ပါတယ်။ဓာတ်ပုံ ရင်းမြစ်,တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ ပုံစာ,
ခရီးစဉ်အတွင်း ရုရှနဲ့နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် လက်ရှိမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ကွာရန်တင်း(သီးသန့်ခွဲခြားနေထိုင်ခြင်း) ဝင်နေလားလို့မေးတဲ့အခါမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်နေတယ်လို့ ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာရုရှကနေ နေပြည်တော်ကို ဇွန် ၂၅ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူနဲ့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) က တပ်မတော်အရာရှိကြီးတွေ ပြန်လည်လိုက်ပါလာခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရုရှကနေ မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ ပညာတော်သင် ၂၂ ဦးကိုလည်း တစ်ပါတည်းပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ပါရှိပါတယ်။
လိင်အမြတ်ထုတ်တယ်လို့ တိုင်ကြားခံထားရတဲ့ ရဲမှူးချုပ်အမှု ဂယက်
မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းသူစာရင်းက ဖယ်ရှားမယ်
တပ်အတွင်း မဲဆွယ်ခွင့်မပြုဘူးလို့ တပ်မတော်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ရုရှခရီးစဉ်အတွင်း ရုရှစစ်ဘက်အကြီးအကဲတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်းနဲ့ အထင်ကရနေရာတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အိန္ဒိယကနေ ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ပြန်လာတဲ့ အရာရှိနဲ့ စစ်သည်တွေထဲက စစ်သည် သုံးဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း တပ်မတော်က ဇွန် ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Source : တပ်မတော်သတင်းမှန်ပြန်ကြားရေး #Myanmar_Online_News

0 comments:

Post a Comment