Monday, June 29, 2020

တောင်ကိုရီးယားနိုင်ငံအား G 7 နိုင်ငံအဖြစ် ထည့်သွင်းမည်ဟူသော အမေရိကန်၏ အစီအစဉ်ကို ဂျပန်မှကန့်ကွက်

G7 အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးတွင် တောင်ကိုရီးယားနိုင်ငံအား G-7 အဖွဲ့ဝင်နိုင်ငံအဖြစ် ထည့်သွင်းမည်ဟူသော အမေရိကန်သမ္မတ Trump ၏ သဘောထားကို ဂျပန်နိုင်ငံမှကန့်ကွက်ခဲ့ကြောင်း ဂျပန်နိုင်ငံ Kyodo News သတင်းဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
G7 ဆွေးနွေးပွဲကို စက်တင်ဘာလထိနောက်ဆုံးထား၍ ရွေ့ဆိုင်းသွားမည်ဖြစ် ကြောင်း မေလနှောင်းပိုင်းတွင် Trump မှ ပြောကြားခဲ့ပါသည်။ ဖိတ်ခေါ်သည့်နိုင်ငံများ စာရင်းတွင် ဩစတြေးလျနိုင်ငံ၊ ရုရှားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ကို ထည့်သွင်းထားပါသည်။
မြောက်ကိုရီးယား၊ တရုတ်နိုင်ငံတို့နှင့် ပြဿနာမှာ အဆက်ပြတ်ခြင်းမရှိသေးဘဲ အမေရိကန်မှ G7 အဖွဲ့ဝင်နိုင်ငံမဟုတ်သော တောင်ကိုရီးယားနိုင်ငံကို ထည့်သွင်းခဲ့ သည့်အပေါ် ဂျပန်နိုင်ငံမှ ချက်ချင်းကန့်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
သတင်းအရင်းအမြစ်များအရ ဂျပန်နိုင်ငံအစိုးရသည် တောင်ကိုရီးယားနိုင်ငံ ပါဝင်ခြင်းနှင့်ပတ်သက်၍ဆန့်ကျင်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ ပါ။ သို့ရာတွင် ၎င်းမှာ G7 တိုးချဲ့ရေးအဆိုပြုချက်ကို ရှုပ်ထွေးသွားစေလိုသည့် Trump ၏ အတွေးတစ်ခုသာဖြစ်သည်ဟုထင်မြင်ကြောင်းပြောခဲ့ပါသည်။
Source : CNA

0 comments:

Post a Comment