Tuesday, June 30, 2020

ကချင်မျိုးနွယ်စုနာမည်တွေကို မှားယွင်းဖော်ပြထားလို့ဆိုပြီး သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနကိုစာပို့မည်

အခြေခံပညာသင်ရိုးသစ် သတ္တမတန်း ပထဝီဝင်ဖတ်စာအုပ်မှာ ကချင်မျိုးနွယ်စုနာမည်တွေကို မှားယွင်းဖော်ပြထားတာကြောင့် ပြင်ဆင်ပေးဖို့ သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနကို စာပေးပို့ဖို့ စီစဉ်နေတယ်လို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့(တက္ကသိုလ်များ)က သိရပါတယ်။
“အဲထဲမှာရေးထားတာ ကျွန်တော်တို့ကြားတောင်မကြားဖူးတဲ့ဟာတွေ ဖြစ်နေတယ်။ တော်တော်လေး ဆိုးဆိုးဝါးဝါး အလေးမထားတာဖြစ်တယ်။ ဒါကြောင့်တော်တော်လေးဖြစ်တယ် ထုတ်ပြန်ချက်က ထုတ်ထားတယ် စာကိုတော့ မနက်ဖြန်လောက်တိုက်ရိုက်ပို့မယ် ပညာရေးဝန်ကြီးဌာနရော သမ္မတရုံးရောတိုက်ရိုက်စာပို့မယ်”လို့ ကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့(တက္ကသိုလ်များ) ဥက္ကဋ္ဌ ဆိုင်းမျိုးဆန့်က O Media ကို ပြောပါတယ်။
အခြေခံပညာသင်ရိုးသစ် သတ္တမတန်း ပထဝီဝင်ဖတ်စာ စာမျက်နှာ(၃၁)က ကချင်လူမျိုးခေါင်းစဉ် အောက်မှာ ကချင်မျိုးနွယ်စု အမည်နာမတွေကို မှားယွင်းဖော်ပြထားတာလို့ ဆိုပါတယ်။
အဲဒီလို မှားယွင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားထုတ်ပြန်ချက်တစ်စောင်ကိုလည်း ဇွန်လ(၂၉)ရက်နေ့ ကထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီအမှားတွေဟာ ကချင်မျိုးနွယ်တွေ အပေါ်မလေးမစားပြုတာ ကချင်မျိုးနွယ်စုအတွင်း အငြင်းပွားအောင် ပြုလုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို ဆက်သွယ်ခဲ့ပေမဲ့ဖုန်းပိတ်ထားပါတယ်။
Ref ; O Media

0 comments:

Post a Comment