Monday, June 29, 2020

နာဂဒေသအတွင်း လှေကားထစ်လယ် (၂၉၃) ဧက အကောင်အထည်ဖော်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်တာကာလအတွင်း ခေတ်မီတောင်စောင်း စိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် လှေကားထစ်လယ်မြေ (၂၉၃)ဧကကို ဖော်ထုတ်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကို အများဆုံးအသုံးပြုလျက်ရှိပြီး ၎င်းစနစ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သည့်အပြင် မြေဆီလွှာများပျက်စီး၍ အပင်အာဟာရ ဆုံးရှုံးမှုများကို ဖြစ်ပေါ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး ရေရှည်စိမ်းလန်း တည်တံ့စေမည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းနစ် (SloppingAgricultual Land Techonlogy) ကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref-Myanmar Digital News #Myanmar_Online_News
>>zawgyi<<
နာဂဒေသအတွင်း လှေကားထစ်လယ် (၂၉၃) ဧက အကောင်အထည်ဖော်သွားမည်
Monday, June 29, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်တာကာလအတွင်း ခေတ်မီတောင်စောင်း စိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် လှေကားထစ်လယ်မြေ (၂၉၃)ဧကကို ဖော်ထုတ်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကို အများဆုံးအသုံးပြုလျက်ရှိပြီး ၎င်းစနစ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သည့်အပြင် မြေဆီလွှာများပျက်စီး၍ အပင်အာဟာရ ဆုံးရှုံးမှုများကို ဖြစ်ပေါ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး ရေရှည်စိမ်းလန်း တည်တံ့စေမည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းနစ် (SloppingAgricultual Land Techonlogy) ကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref-Myanmar Digital News #Myanmar_Online_News

0 comments:

Post a Comment