Monday, June 29, 2020

ရေနီတွင် ဆီဘောက်ဆာနဲ့ တွဲကားတိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၂)ဦးသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံအနီးမှာ ဒီကနေ့မနက်၄ နာရီ‌ကျော်ခန့်က ဆီဘောက်ဆာကားနဲ့ တွဲကားတစ်စီးတိုက်ရာကနေ မီးလောင်မှုဖြစ်ပွားရာ အမျိုးသားနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ရေနီနယ်မြေရဲစခန်းကနေ သိရပါတယ်။
"လမ်းဘေးလျှောက်နေသူတစ်ဦးနဲ့ ဆီဘောက်ဆာယာဉ်မောင်း မီးလောင်သေဆုံးခဲ့ပါတယ်။လမ်းဘေးမှာမီးလောင်သေဆုံးသူကို စုံစမ်းနေတုန်းဖြစ်ပါတယ်"လို့ အခင်းဖြစ်နေရာမှာ ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
ဒီကနေ့မနက်က ရေတာရှည်မြို့နယ် ရေနီမြို့အမှတ် ၁ ရပ်ကွက် ဓမ္မာရုံအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း သိန်းဝင်းထွန်း(အသက်စုံစမ်းဆဲ)မောင်းနှင်လာတဲ့ဒီဇယ်တင်ဆီဘောက်ဆာယာဉ်နဲ့ အမည်၊ အသက် စုံစမ်းဆဲ အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ ၂၂ ဘီး ကုန်တင်ယာဉ်တို့ ရေနီတံတားကွေ့တွင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဆီဘောက်ဆာယာဉ်မောင်း မီးလောင်သေဆုံးခဲ့တဲ့အပြင် လမ်းဘေးမှာ လမ်းလျှောက်နေတဲ့သူလို့ယူဆရတဲ့ အမျိုးသားတစ်ဦး လမ်းဘေးမှာ မီးလောင်သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရေနီနယ်မြေရဲစခန်း မှုခင်းမှတ်တမ်းမှာထည့်သွင်းဖော်ပြထားတာပါတယ်။
အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းသိန်းဝင်းထွန်းကို ရေနီနယ်မြေရဲစခန်းမှ (ပ) ၄၄ /၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-(က)/၂၈၅နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment