Tuesday, June 30, 2020

ရန်ကုန်မှ ကုန်ကားတစ်စီးကို ဓားထောက်ခေါ်ဆောင် ငွေတောင်းသူများအဖွဲ့ကို မဲဇလီနယ်မြေရဲစခန်းနှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး

ယမန်နေ့ညက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းကနေ ကုန်ကားတစ်စီးနှင့် ယာဉ်ပေါ်ပါသူများကို ဓားထောက်ကာ ကားနဲ့လူကိုခေါ်ဆောင်သွားပြီး ဖုန်းဆက်ငွေတောင်းတဲ့အဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်းလာစဉ် ညောင်တုန်းမြို့နယ် ၊ မဲဇလီနယ်မြေရဲစခန်းအပိုင်သို့အရောက်မှာ မဲဇလီနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူးနှင့်အဖွဲ့များ ဝိုင်းဝန်းဖမ်းဆီးရာ တရားခံ ၁ယောက်နဲ့ကားစပါယ်ယာတော့ရရှိပြီး (စပါယ်ယာပေါင်မှာ ဓားဒဏ်ရာတော့ ရရှိထား)ကျန်တဲ့ကောင်တွေ ချောင်းကူးဖြတ်ပြေးလို့ နယ်ထိန်းခေါင်းဆောင်နဲ့အဖွဲ့ ရွာသားတွေနဲ့အတူ ရွာထဲပတ်ရှာနေကြကြောင်းသိရသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်နေသူများကို လိုက်လံဖမ်းဆီးရန်အတွက်ထန်းတပင်နဲ့ တက်သစ်ရဲစခန်းကအဖွဲ့တွေလည်း ရောက်လာရှိလာပြီး ယနေ့ နံနက်ပိုင်းအထိ ဆက်လက်ဝိုင်းဝန်းရှာဖွေနေကြောင်း သတင်းရရှိပါသည် ။
Crd : မအူပင်သတင်းပုံရိပ်

0 comments:

Post a Comment