Tuesday, June 30, 2020

ပညာရေးဝန်ထမ်း လိုအပ်ချက်ကြောင့် စေတနာ့ဝန်ထမ်း ဖိတ်ခေါ်ခြင်း

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းပီကျေးရွာ၊ အ‌ခြေခံပညာအထက်တန်းကျောင်း တွင် လက်ရှိအထက်တန်းပြ ဆရာတစ်ဦးတည်းသာရှိနေပါသဖြင့် အထက်တန်းဆင့် Grade-10 နှင့် Grade-11 ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနေပါသည်။
ထိုအခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရပ်ရွာမိဘပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာ ဆဘောင်းပီ သားများမိသားစု ( Global Sabawngpisawzy Koinonia) အဖွဲ့မှ စေတနာ့ ဝန်ထမ်း ငှားရမ်းလိုသည့်အတွက်
(1) Mathematics
(2) Chemistry
(3). Physics
(4). Biology
ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်သည့် ဆရာဆရာမများ အလိုရှိနေပါသည်။ လာရောက်တာဝန်ထမ်းဆောင်သော စေတနာ့ဝန်ထမ်းတစ်ဦး၏ ဉာဏ်ပူဇော်ခအဖြစ် တစ်လလျှင်-လစာ 300000/- ကျပ်(သုံးသိန်း)
-ညစာကျက်ဝိုင်းကြီးကြပ်ခ =50000/-(ငါးသောင်းကျပ်)
စုစုပေါင်း = 350000/- ကျပ်ထောက်ပံ့မည့်အပြင်
ရေမီးအပြည့်အစုံ ဝန်ထမ်းအိမ်ရာနှင့်စရိတ်ငြိမ်း (စားဖိုမှူးပါ)
အပြည့်အဝ ပေးထားမည်ဖြစ်ရာ စိတ်ဝင်စားပြီး ပညာဒါနပြုလုပ်လိုသူများ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကျောင်းအုပ်ကြီး (အထက၊ဆဘောင်းပီ)
ဖုန်း- ၀၉၄၀၂၅၃၂၆၈၃
Rev.Mai Ki ( ကျောင်းအကျိုးတော်ဆောင်)
ဖုန်း-09781086479
095418929
Source - Zalen

0 comments:

Post a Comment