
အမေရိကန်နိုင်ငံ နယူးယောက်မြို့အောက်ပိုင်း မန်ဟတ်တန်အရပ်မှာ သပိတ်စခန်းဖွင့် ဆန္ဒ ပြနေသူတွေဟာ ဇွန်လ ၂၇ ရက်မှာ ပိုများလာနေပါတယ်။ 
နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ကို အစိုးရက ဘတ်ဂျတ်မပေးဖို့ ဆန္ဒပြသူတွေက အဓိက တောင်းဆိုနေတာပါ။ 
သပိတ်စခန်းကို ဒီအပတ်အစောပိုင်းမှာပဲ ဖွင့်ခဲ့ပြီး ဒါဟာ လူမည်း ဂျော့ဖလွိုက်နဲ့ တခြား လူမည်းအမေရိကန်တွေကို ရဲက သတ်ဖြတ်မှုတွေကို ကန့်ကွက်တာဖြစ်ပါတယ်။ 
ဆန္ဒပြသူတွေက “မြို့တော်ခန်းမကို ဝင်စီးကြ”လို့ ကြွေးကြော်ခဲ့ပါတယ်။ 
ရဲတပ်ဖွဲ့ကို ဘတ်ဂျတ် ချပေးမဲ့အစား လူထုအတွက် လိုအပ်ချက်တွေဖြစ်တဲ့ အိမ်ရာနဲ့ ပညာ ရေး ဘက်တွေမှာ ဘတ်ဂျက်ပိုသုံးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
 နယူးယောက်မြို့အာဏာပိုင်တွေဟာ မြို့တော်ရဲ့ ဘတ်ဂျက်အသစ်ကို လာမယ့် အပတ်မှာ စတင် စဉ်းစားဆွေးနွေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 



Crd : DVB
 






 
 
 
 
 
0 comments:
Post a Comment